Chapter 24

38K 2.3K 610
                                    

Unicode

" နေနေ့ကို အကို လက်ထပ်ချင်ပါတယ် "

ရုတ်တရက်ကြီး ဒူးထောက်ချကာ လက်ထပ်ခွင့်တောင်းလာသူကြောင့် နေနေ့မှာ ပါးစပ်လည်းအဟောင်းသားဖြစ်သွားရသလို စိတ်လည်းရှုပ်သွားရသည် ။

အခုက အလုပ်ကိစ္စအကြောင်း ပြောဖို့ သက်သက် မဟုတ်ဘူးလား။ ဘာလို့ မဆိုင်တာတွေက ပါလာရတာလဲ ။

ဒီပြဿနာကလည်း ဒီလူ တစ်ယောက်ထဲ မဟုတ် ။ နေနေ အခုနောက်ပိုင်း ကံပဲတက်နေသလား စန်းပဲပွင့်နေတာလား မပြောတတ် ။ လက်ထပ်ခွင့်အတောင်းခံရတာ ကိုတက်လူနိုင်နဲ့ဆို ဆယ့်သုံးယောက်မြောက်ရှိနေပြီ ။

အကြိမ်တိုင်းလည်း အားလုံးကို သူငြင်းလွှတ်ခဲ့တာချည်းပဲ ။ကိုတက်လူနိုင်ကိုတောင် ဖေဖေ့မိတ်ဆွေမို့ရော ဒီလက်ထပ်ဖို့ကိစ္စကို ရှေ့ကသူတွေလို ခဏခဏနားပူနားဆာ မလုပ်လို့ရယ်မို့ သာ နေနေ ဆက်ပြီး ခေါ်ပြော ဆက်ဆံနေခြင်းပင် ။

" အကို့ကို လက်ထပ်ဖို့ခွင့်ပြုပေးနိုင်မလား နေနေ "

" အရင်ဆုံး ထလိုက်ပါ ကိုတက်လူနိုင် "

ဆိုင်ထဲရှိ တခြားဝိုင်းတွေကလည်း သူတို့နှစ်ယောက် ကို လှည့်ကြည့်လှည့်ကြည့်နဲ့မို့ နေနေ
ကိုတက်လူနိုင်ကို အရင်ဆုံးထခိုင်းလိုက်ရတယ် ။

" စိတ်မဆိုးလိုက်ပါနဲ့နော် နေနေ အကိုက တစ်ခဏလေးတောင်မစောင့်ချင်တော့လို့ပါ "

" ကျွန်တော် ပြောပြီးသားပဲလေ ကျွန်တော်က "

" ငါးနှစ်တောင် ရှိပြီလေ နေဥတ္တရာရယ် ငါးနှစ်တောင် ကိုယ်စောင့်ပေးခဲ့တာပဲလေ ဘာဖြစ်လို့ ပြန်မလာတော့တဲ့သူကို စောင့်ဆိုင်းနေရတာလဲဆိုတာ အကိုတစ်ကယ် သိချင်တယ် "

" ကျွန်တော် "

" နေနေ လည်း ငါးနှစ်ကြာတာတောင် ပြန်မလာတဲ့ အဲ့ဒီ့ကောင်ကို မျှော်လင့်ချက် မရှိတော့ဘူး မဟုတ်လား "

ကိုတက်လူနိုင်စကားက အရှိုက်တည့်တည့်ကို ထိသွားလို့ပဲလား နေနေ ပြောစရာစကား ရှာမတွေ့တော့ ။

ဟုတ်တာပေါ့ ငါးနှစ်ကြီးတောင် ကြာသွားပြီလေ ။ ဘယ်ကရတဲ့ ယုံကြည်ချက်တွေနဲ့ မျှော်လင့်ပြီးတော့ သူက ဝီရဦးခေါင်ကို စောင့်နေတာတဲ့လဲ ။

CEO's Possessively Boyfriend Where stories live. Discover now