Chapter 15

43.6K 2.6K 372
                                    

Unicode

သူ့လက်ထဲ မုန့်ဗူးလေးထိုးပေးလာကာ ဟိုကြည့်ဒီကြည့်လုပ်နေသည့် ဝီရဦးခေါင်ကို နေနေ့မှာ သဘောကျမဆုံးတော့ ။

နေဥတ္တရာ အစားအသောက်နည်းတာနဲ့ပဲ ကျုပ်ကနေ ကျွန်တော်ဆိုတဲ့နာမ်စားကိုတောင်ပြောင်းသုံးပေးတယ်ပေါ့ ။

ရှေ့လျှောက်ရော လူလိမ္မာလေး လုပ်တော့မှာပေါ့ ဝီရဦးခေါင် တစ်ယောက် ။

" နေနေ မျက်နှာရှေ့ကိုတိုးပေး အိုးမဲတွေနဲ့ ကျုပ် ဆောရီး ကျွန်တော် သုတ်ပေးမယ် "

နေနေ ပြုံးပြုံးလေးပင်ခေါင်းငြိမ့်ပြကာမျက်နှာလေးကိုရှေ့တိုးပေး၍ခေါင်းမော့ပေးလိုက်သည် ။

" အဲ့လောက် အဲ့လောက် မကပ်နဲ့ လေ ကွာ နေဥတ္တရာ "

" မင်းပဲ တိုးခိုင်းတာလေကွာ ဘာလို့မျက်နှာကြီး ရဲနေတာလဲ ဖိုးခေါင် နေလို့ မကောင်းဘူးလား မီးခိုးတွေကြောင့် မွှန်နေပြီလား "

ဝီရဦးခေါင် နဖူးပေါ် နေနေလက်တင်ကြည့်တော့အေးစက်နေပြီး အဖျားတော့ မရှိပါဘူး ။

" ကောင်းတယ် ခင်ဗျား ကျွန်တော့်ရှေ့ကို တအားရောက်လွန်းနေတာကိုး "

" အင်းပါ တော်ပြီ မသုတ်ပေးနဲ့တော့ သွားတော့ အန်ကယ် နေမကောင်းဘူး နည်းနည်း သွားကြည့်လိုက်ဦးပြီးတော့ အကန်တွေမပြောနဲ့ဦးနော် ငါဆန်ပြုတ်ထည့်ပြီး လိုက်လာခဲ့မယ် "

ဆက်ပြီး ဒီမှာနေခိုင်းလည်း မဖြစ်၍ နေနေ ဖိုးခေါင်ကိုနောက်ကျောကနေတွန်း၍ ခြံအရှေ့ဘက်ကိုပြန်သွားခိုင်းလိုက်ရသည် ။

" အင်း အပူလောင်ဦးမယ် သတိထား "

" ဟုတ်ပါပြီ သွားသွား "

အရှေ့ရောက်သွားပြီဆိုကာမှ နေနေ ဒီဘက်ပြန့်လျှောက်လာတဲ့ ခဏ ။ အဲ့ဒီခဏ နေဥတ္တရာမှာ ခေါင်းတွေချာချာလည်ပြီး မူးဝေသွားကာ ဘာမှလည်းမမြင်ရတော့ဘဲ ပစ်လဲကျသွားတော့သည် ။

မီးဖိုပေါ်တော့ မျက်နှာမအပ်မိပါစေနဲ့ ။ တော်ကြာ ရုပ်ဆိုးသွားဦးမယ် ။ သူ ဒီလောက်ချောတာတောင်ဝီရဦးခေါင်ကအမြင်ကြည်ချင်တာမဟုတ် ။ရုပ်များဆိုးသွားလို့ကတော့ အိမ်ကနေပါကန်ထုတ်ခံရမဲ့ ဒီဇိုင်း ရှိတယ် ။

CEO's Possessively Boyfriend Where stories live. Discover now