Chapter 4

47.2K 2.9K 873
                                    

Unicode

နေဥတ္တရာ မှာ  ရွယ်ရွယ် ပြောတဲ့ မေမေ့အကြွေးရှင် မစ္စတာ ဝီလီယမ်ဆိုသူကို တွေ့ပြီး တောင်းပန်ဖို့ အတွက် သူချိန်းတဲ့နေရာကို ရောက်နေသည်မှာနာရီဝက်လောက်ပင် ရှိနေပြီ ။

ဒါတောင် အခုထိ အရိပ်ယောင်လေးပင် မမြင်ရသေးတာမို့ နည်းနည်းတော့ အငွေ့ထွက်ချင်လာသည် ။ ဘယ်လိုပဲ အကြွေးရှင်ဖြစ်ပါစေ အချိန် ကိုတော့ လေးစားရမယ် မဟုတ်လား ။

ချိန်းတဲ့နေရာကတခြားတိတ်တိတ်ဆိတ်ဆိတ်နေရာဆိုရင်လည်း ထားတော့ အခုတော့ Gay Bar ဖြစ်နေလို့ ကို နေနေ့အတွက်အဆင်မပြေလှ ။

" ဦးနဲ့ လိုက်ခဲ့မလား "

" ဘာစောက်ကြောင်းနဲ့လိုက်ခဲ့ရမှာလဲ "

အော်ပြီးကာမှ သူ့ကို ပြူးပြူးကြီးကြည့်နေတဲ့ ဦးလေးကြီးကိုနေနေ့မှာအားနာသွားရသည် ။

တစ်ဖက်က သူ့ကို အကန်လိုလိုဘာလိုလိုပြောလာရင် သူ့ပါးစပ်ကလည်း အော်တိုကိုအကန်တွေပြန်ထွက်လာတာ ။

ဦးနဲ့လိုက်ခဲ့မလား ဆိုတာ သဘောရိုးနဲ့ မေးတာလည်းဖြစ်နိုင်တာပဲ ။ သူကိုယ်က ဝီရဦးခေါင်နဲ့သတ်ရလွန်းလို့ ပါးစပ်က ကောင်းကောင်းမွန်မွန် စကားကိုမထွက်တော့ ။

" မင်း ပါတနာ မရှိဘူး ထင်လို့လေ လာပါ လိုက်ခဲ့ ကြိုက်စျေးပေးမယ် ပါကင်မလား "

အစောကထိ အကောင်းမြင်တဲ့စိတ်ကလေးကဘယ်ရောက်သွားမှန်း မသိတော့ ။

"  မဟုတ်ဘူး ရေတွင်းပျက်ကြီး "

" What?  "

" ကျွန်တော် က  ရေတွင်းပျက်ကြီးလို့ ပြောနေတာ "

" ဆိုတော့ ရပါတယ် ရေတွင်းပျက်ဆိုတော့ ပိုအဆင်ပြေတာပေါ့ သင်ပေးစရာ မလိုတော့ဘူး "

ဒီလောက် ငြင်းနေတာတောင် ဒီအဘိုးကြီး အခုထိမသွားနိုင်ဘူး ။ အထဲမှာမို့ သည်းခံနေတာ အပြင်မှာဆို နေဥတ္တရာပါးရိုက်ပစ်လိုက်ပြီ ။

" ကျွန်တော့် ပါတနာလာရင် ဦးရဲ့ မစုံတော့တဲ့သွားတွေပါအကုန်ကျွတ်ကုန်မယ်နော် ပါကင်ဖြစ်ဖြစ် ရေတွင်းပျက်ဖြစ်ဖြစ် အခြားသူသာသွားရှာလိုက်တော့ "

CEO's Possessively Boyfriend Where stories live. Discover now