Chapter 28

42.1K 2.6K 543
                                    

Unicode

အခန်းထောင့်လေးမှာ ကုပ်ကုပ်လေး ထိုင်ပြီးရှိုက်၍ငိုနေသူအား ဝီရဦးခေါင် စိတ်ရှုပ်ရှုပ်နဲ့ ရပ်ပဲ ကြည့်နေလိုက်သည် ။

နေဥတ္တရာငိုနေတာကို မြင်ရတဲ့သူလည်း ဘာကိုစိတ်ရှုပ်လို့ စိတ်ရှုပ်မှန်း မသိ ။

မကြိုက်ဘူး ဒီလူ ငိုနေတာကို သူ မကြိုက်ဘူး ဒီလူ့မျက်ရည်တွေကို သူ မကြိုက်ဘူး ။

ခုနတုန်းကလည်း နေဥတ္တရာပါးပြင်ပေါ်က လက်သည်းခြစ်ရာလေးကို မြင်လိုက်ရရုံနဲ့ သူ့သွေးတွေဆူပွက်လာပြီး ယမင်းငုဝါကို လည်ပင်းညှစ်မိသွားသေးတယ် ။

သူတစ်ကယ်ပဲ ဒီနေ့ တစ်နေ့ထဲကို ဘာတွေဖြစ်နေတာလဲ ။

ပြီးတော့ရော အတိတ်တုန်းက သူနဲ့ ဒီလူ့ရဲ့ ပက်သတ်မှုက ဘာများရေရေရာရာဟုတ်ခဲ့လို့ အခုလိုမျိုး သူက နေဥတ္တရာကို သူများတွေ ထိတာနဲ့ အထိမခံနိုင်ဖြစ်နေတာရတာလဲ ။

" နေဥတ္တရာ "

ခန့်ခန့်ညားညားရှိပြီး ဥပဓိရုပ်က ကြည့်ကောင်းလှတဲ့ ယောကျ်ား တစ်ယောက် ရောက်လာကာ နေဥတ္တရာ ကို ရင်ခွင်ထဲဆွဲထည့်လိုက်တာမို့ သူ လက်သီးကိုတင်းတင်းဆုပ်မိသွားသည် ။

" နေနေ မင်း! "

" အော် ကိုတက်လူနိုင် ကျွန်တော် ဘာမှမဖြစ်ဘူး "

" ဘာကို ဘာမှ မဖြစ် ဒီလောက် "

" ဘာမှမဖြစ်ဘူး ဆို "

ဟိုလူက ဘာကိစ္စနဲ့ သူများဆီမှာ အဖက်ခံလိုက်တာလဲ ။ ငိုနေတာ အဖက်ခံချင်လို့ဆိုရင် သူလည်းအစောကြီးထဲကဘာမှမမေးမြန်းဘဲဖက်ထားပေးမှာပေါ့ ။

ကျစ်!တစ်ချိန်တုန်းက သူကိုယ်တိုင်လည်း နေ
ဥတ္တရာကို ရင်ခွင်ထဲ ဆွဲသွင်းဖူးတယ်ဆိုတဲ့ အတွေးတွေက ဘာလို့များဝင်လာရတာလဲ ။ဒါ့အပြင် ဒီလူ့အငွေ့အသက်တွေကို သူရင်းရင်းနှီးနှီးသိနေတာကြီးက မဟုတ်သေးပါဘူး ။

ပါးပေါ်က စံပယ်တင်မှဲ့လေး ။ ဆီးစပ်နားက မှဲ့နက်ကလေး ။ လက်ကောက်ဝတ်ပေါ်က မှဲ့နီကလေးတွေ ကို တစ်ခုချင်းစီ အနှေးပြကွက်သဖွယ် သူ့ မျက်လုံးထဲ ပြန်မြင်လာ၍ ခေါင်းကိုအသာခါရမ်းပစ်လိုက်ရသည် ။

CEO's Possessively Boyfriend Where stories live. Discover now