Chapter 5

47.3K 2.8K 721
                                    

Unicode

" ဝီရဦးခေါင်က နေဥတ္တရာကို ကျန်းမာသည်ဖြစ်စေ နာဖျားသည် ဖြစ်စေသက်ဆုံးတိုင်ပေါင်းဖက်ဖို့ ဆန္ဒရှိရဲ့လား "

" မရှိဘူး "

" နေဥတ္တရာကကော ဝီရဦးခေါင်ကို ကျန်းမာသည်ဖြစ်စေ နာဖျားသည် ဖြစ်စေသက်ဆုံးတိုင်ပေါင်းဖက်ဖို့ ဆန္ဒရှိရဲ့လား "

" ပိုတောင် မရှိဘူး "

သူတို့ နှစ်ယောက် အဖြေကို ကြားလိုက်ရတဲ့ မင်္ဂလာပွဲလာ ဧည့်သည်တွေရော အခမ်းနားမှူးကပါ ပါးစပ်အဟောင်းသား ။

" ဒါဆို လက်စွပ်အပြန်အလှန်လဲပေးပါ "

ဘယ်တုန်းက စီစဥ်ထားမှန်း မသိသည့် wedding ring နှစ်ကွင်းလုံးက သူတို့လက်နဲ့ကွက်တိ ။ လက်အတိုင်းကို ဒီကောင် ဘယ်လိုများရသွားလဲပဲ ။

နေဥတ္တရာမှာလည်း ပေါက်ကွဲချင်လွန်းလို့ အငွေ့တွေပါထွက်နေပြီ ။

ခွေးသူတောင်းစားက သူ့ကိုဒီတစ်ခါအနိုင်ယူတာ တော်တော်ကို လွန်သွားပြီ ။ သိက္ခာရော မာနတွေပါ နေနေ့မှာ ဘာမှမရှိတော့ ။

မနေ့ညက အထိ အကောင်းကြီးကို ဒီမနက်မှ သဒ္ဒါနုငယ် တစ်ယောက်  သူ့ကို အငိုငိုအယိုယိုနဲ့ လာပြီးလက်ညိုးထိုးပြောသွားတာများ နေနေ့မှာ လိုက်ကိုမမှီလိုက် ပြီးတော့ ကိုယ့်ညီမမို့သာ နေနေ သည်းခံလိုက်တာ ။

မင်္ဂလာဆောင်ကိစ္စကရော ဘယ်လိုတွေဖြစ်ကုန်လို့ ဖိတ်စာမှာ သူ့နာမည်ကြီးဖြစ်နေရတာလဲ ။

ညက club ကနေ အထွက် ကုန်းပိုးထားတဲ့ သူနဲ့ ဝီရဦးခေါင်ပုံတွေကလည်း social တစ်ခွင် အကုန်
ပြန့်ကာ နေနေက ကိုယ့်ညီမ သတို့သားလောင်းကိုမြူဆွယ်ပြီး မကောင်းတဲ့ကောင်ဘဝရောက်သွားရသေးတယ် ။

စေ့စပ်ပွဲကျ ညီမနဲ့စေ့စပ်ပြီး လက်ထပ်ပွဲကျအကိုနဲ့ဆိုတော့ အကုန်ကိုပွက်လောရိုက်ကုန်တာ ။

" သတို့သား နှစ်ယောက် ကရော ပွဲလာတဲ့ ပရိသတ်တွေ ကို တစ်ခုခုပြောချင်တာများ ရှိလား "

နေနေ့ပါးစပ်ရှေ့ မိုက်ကြီးလာထိုးပေးတဲ့ အခမ်းနားမှူးကြောင့် စိတ်ကိုတထစ်လျှော့ချရသည် ။

CEO's Possessively Boyfriend Where stories live. Discover now