Chapter 14

41.5K 2.6K 391
                                    

Unicode

နေဥတ္တရာ တစ်ဖက်က Customer အကို့ကို ပွဲအကြောင်းရှင်းပြပြီး၍ နောက်တစ်ဆိုင် သွားဖို့ ပြင်နေတုန်း ဆိုင်ထဲဝင်လာတဲ့လူနှစ်ယောက်
ကြောင့် ခေါင်းကိုငုံ့ချပစ်လိုက်သည် ။

ဝီရဦးခေါင်နဲ့ သဒ္ဒါနုငယ် ။

သူ့ကို မြင်တော့ မမြင်သွားလောက်ပါဘူးနော် ။ ပြီးတော့ ဝီရဦးခေါင်ပြောတော့ ဒါဒါ့ကို မကြိုက်ဘူးဆို ။ အခုကျတော့လည်း နှစ်ယောက်လုံးမျက်နှာက အပြုံးတွေက ဖုံးမရဖိမရ ။

သဒ္ဒါနုငယ်  ဆိုသည်မှာလည်း သူနဲ့တွေ့ရင်သာ မျက်နှာက မာမာထန်ထန် ဖိုးခေါင်နဲ့ကျ ပြုံးနေလိုက်တာ ။ အဲ့ဒါကြောင့် အန်တီရို့ကလည်း သူ့သားအကြိုက် ဒါဒါမှ ဒါဒါဖြစ်နေတာနေမယ် ။

ဘာပဲဖြစ်ဖြစ် မကွာရှင်းရသေးတဲ့ သူ့ကိုတော့ အားနာသင့်ပါတယ် ။

ဟိုနှစ်ယောက် ခပ်လှမ်းလှမ်းကို ရောက်ပြီဆိုမှ နေနေ အိတ်ကိုင်ကာ ထရပ်လိုက်သည်။

ခွမ်း

သူထရပ်လိုက်ပြီး ခြေလှမ်းလှမ်းလိုက်တဲ့ အချိန်မှာပဲ နောက်က တစ်ယောက် နဲ့ တိုက်မိကာ မုန့်ပန်းကန်တွေခပ်ဝေးဝေးကိုလွင့်သွားကာ ကော်ဖီခွက်လေးကလည်း အစိတ်စိတ်အမွှာမွှာကွဲသွားလေသည် ။

မတော်တဆဆိုပေမဲ့ နေဥတ္တရာ သူ့အမှားမို့ ခေါင်းကိုအသားကုန်ငုံ့ကာ တောင်းပန်စကားဆိုလိုက်တယ် ။

" တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဗျာ အကို မမြင်လိုက်လို့ပါ စိတ်မရှိ "

" မမြင်ရအောင် ရှင်ကကန်းနေလို့လား "

မျက်နှာပေါ် ကျလာသည့် ရေတွေကြောင့် နေနေ့မှာ ပါးစပ်အဟောင်းသား ။ ဒါလေးဖြစ်သွားတာ သူ့မျက်နှာကို ရေနဲ့ပက်စရာလိုလို့လား ။

ရေကလည်း ရိုးရိုးရေတောင် မဟုတ် ရေခဲရေတွေမို့ နည်းနည်းတောင် အေးသွားရသည် ။

ဒါပေမယ့် သူကပဲ စိတ်လျှော့လိုက်ပါတယ် ။ မိန်းကလေးတစ်ယောက် နဲ့လည်း ပြိုင်ပြီးစကားမများချင်ပါဘူး ။

" အကိုတစ်ကယ် တောင်းပန်ပါတယ် ညီမလေးရယ် ပြီးတော့ အကို ပြန်ပြီး လျော်ပေးမယ် နော် "

CEO's Possessively Boyfriend Where stories live. Discover now