Chapter 17

40.1K 2.5K 432
                                    

Unicode

နေဥတ္တရာ မှာ တစ်ယောက်ယောက် က သူ့ကို စိုက်ကြည့်နေတယ်လို့ ခံစားရတာမို့ ဆက်ပြီး မျက်လုံးကို မှိတ်ထားလို့ မဖြစ်တော့၍ ဖွင့်လိုက်ရတယ် ။

ထင်တဲ့အတိုင်း ကို ဝီရဦးခေါင်မှာ မျက်တောင်တစ်ချက်မခတ်ဘဲ သူ့ကို ကြည့်နေခြင်းပင် ။ ဘာလဲဟ လူကို ပါးစပ်ထဲ ထည့်ငုံထားတော့မဲ့ပုံနဲ့ ။

" ဘာ ဘာလို့ ကြည့်နေတာလဲ အာ့ "

အစတုန်းက မနာပေမဲ့ ထ ထိုင်ဖို့ပြင်လိုက်ကာမှ ကျောဘက်ကအောင့်တက်လာပြန်သည် ။

" ထူပေးမှာပေါ့ ဘာလို့ မဆင်မခြင်လုပ်နေတာလဲ "

ဝီရဦးခေါင် ရူးများ နေသလားပဲ ဒါမှမဟုတ် ဆေးများမှားစားထားတာလား ။ လူကိုထိတွေ့ကိုင်တွယ်နေပုံက ခါတိုင်းလိုကြမ်းကြမ်းရမ်းရမ်းမဟုတ်ဘဲ နူးနူးညံ့ညံ့နဲ့ သိမ်မွေ့ငြင်သာနေသည် ။

အခုလည်း လူကို ထူနေပုံက သူ့မှာ တယုတယ ။ နေနေ့မှာ သူ့ရင်ခွင်ထဲ ခဏမှီနေရပြီး ပြီးမှ အနောက်မှာ ခေါင်းအုံးချပေးပြီး ဖြည်းဖြည်းချင်းမှီခိုင်းတာ ။

" ဘာလို့ လူကို ကြည့်နေပြန်တာလဲ နေဥတ္တရာ "

" မင်းလည်း ငါ့ကို ကြည့်နေတာကိုး "

" ဘာစားချင်လဲ စားချင်တာ ရှိလား "

" ငါ့ပုံစံလည်း ကြည့်ပါဦး စားနိုင်တဲ့အခြေနေမျိုးလားလို့ "

နေနေ ပြောချင်တာပြောပြီးမှ ဝီရဦးခေါင်မှာ ထိခိုက်မိသွားတဲ့နေရာများ ရှိလားလို့ စေ့စေ့စပ်စပ်ကြည့်ရပြန်သည် ။

တော်ပါသေးတယ် ခြစ်ရာလေးတစ်ခုတောင် မရှိလို့ ။ နေဥတ္တရာမှာလည်း အခုမှပဲသက်ပြင်းချနိုင်တော့တယ် ။

ဒီကောင့်ကို ကြည့်မရတာမှန်ပေမဲ့ ထိခိုက်ဒဏ်ရာလည်း မရစေချင်ပါ ။

" ဘာလို့ လူကို တွန်းထုတ်တာလဲ "

" တွန်းမထုတ်ရင် မင်းထိသွားမှာလေ "

" အခုရော ခင်ဗျား ထိသွားတာ မဟုတ်ဘူးလား "

မင်း အသားနာမဲ့အစား ငါနာတာမှပိုကောင်းသေးတယ် ။

CEO's Possessively Boyfriend Where stories live. Discover now