Chapter 16

43K 2.6K 681
                                    

Unicode

သူ့ပေါင်ပေါ် ခေါင်းအုံးကာ အိပ်နေသော ဝီရဦးခေါင် ၏ ဆံစတွေကြားထဲ နေနေ လက်ထည့်ကာ
ခပ်ဖွဖွလေး ပွတ်ပေးနေမိသည် ။

" ဆံပင်တွေတောင် အရှည်မြန်လာပြီပဲ "

အိပ်နေတာတောင် မျက်မှောင်ကြီးက ကြုတ်ထားသေးတာမို့ နေဥတ္တရာ မှာ လက်ညိုးလေးနဲ့ ဝီရဦးခေါင် နဖူးကိုအသာထိကြည့်လိုက်တယ် ။ နေနေ လက်ညိုးလေးနဲ့ ထိလိုက်မှပဲ ဖိုးခေါင်တစ်ယောက် မျက်မှောင်ကြုတ်ထားတာကြီး ပြေသွားတာ ။

အိပ်နေရင်းနဲ့တောင် စိတ်တိုစရာက ရှိနေတဲ့ပုံပဲ ။

သူ့ပေါင်တစ်ဖက်ကို ခေါင်းအုံးပြီး ကျန်တဲ့တစ်ဖက်ကို ဖက်လုံးတွေဖက်သလိုဖက်ထားသေးတာ
ကြောင့်လည်း နေနေ့မှာမလှုပ်ရဲ ။ တော်ကြာလှုပ်လိုက်လို့ရှိရင် နိုးလာဦးမယ် ။

ဝီရဦးခေါင်လည်း အခုတလော အိပ်ရေးပျက်ညတွေများနေပုံပဲ ကောင်းကောင်းအိပ်ပျော်ပုံမရဘူး ။

" မသွားနဲ့ "

" ဟင် "

အိပ်နေရင်းကို သူ့ပေါင်ကြီးကို ပိုတိုးဖက်ကာ ကလေးတွေလို တဂျီဂျီ လုပ်နေ၍ နေနေလည်း ကျောကိုအသာပုတ်ပေးရပြန်တယ် ။

" နေနေ မသွားနဲ့ "

" မသွားဘူး မသွားဘူး မင်းအနားမှာပဲ ရှိနေတယ် "

" နေနေ မသွားရဘူး "

" အင်းပါ မင်းဘေးနား ငါရှိပါတယ် "

သူပြောတာ ကြားသွားလို့လားတော့ မသိ ဝီရဦးခေါင် တစ်ယောက် အခုမှပဲစိတ်ချလက်ချပြန်အိပ်ပျော်သွားသည် ။

လူငယ်လေးဖြစ်ပြီး ဘာတွေပူပန်စရာများနေလဲ မသိဘူး ။ နေနေတောင် အိပ်နေရင်းအဲ့လိုတစ်ခါမှမဖြစ်ဖူးဘူး ။

ဒီကလေးကို သူလည်း သံယောဇဉ် တွေ ရှိပါတယ် ။ အခုလိုမျိုး အမြဲတစေ လိမ်လိမ်မာမာ လေးနေရင် ဘယ်လောက်ကောင်းလိုက်မလဲ ။ ဝီရဦးခေါင် ငယ်ငယ်တုန်း က တအားအလိမ်မာကြီး မဟုတ်တောင် ဂျစ်ကန်ကန်မဟုတ်တာ သူအသိဆုံး။ ဒါပေမယ့် သူမကောင်းလို့ ဝီရဦးခေါင် အထင်မြင်လွဲတာဆိုတော့ နေနေ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမှာပါ ။

CEO's Possessively Boyfriend Where stories live. Discover now