Chapter 8

41.2K 2.4K 295
                                    

Unicode

တစ်ကယ်တမ်း နေဥတ္တရာအခန်းထဲ ရောက်သွား
သည့်အချိန်တွင်တော့ အန်တီရို့ဟာ လူကောင်းပမာဖြစ်နေကာ ခုနကပုံစံနဲ့ လားလားမျှပင်မသက်ဆိုင် ။

" လက်ကို ကြိုးဖြည်ပေးလိုက် အင်ကြင်း "

" ဟုတ် မမကြီး "

အင်ကြင်းဆိုတဲ့ တစ်ယောက် က စားပွဲပေါ်က ဓားကြီးယူကာ တယမ်းယမ်းလုပ်လာတာမို့ နေနေအယောင်ယောင်အမှားမှားနဲ့နောက်ကိုဆုတ်မိသွားသည် ။

" လက်ကို ရှေ့ထုတ်လိုက် နေဥတ္တရာ "

" ရတယ် "

သူသာ ကြိုးဖြည်ခံလိုက်ရင် အန်တီရို့ ဘာအကွက်တွေ ထပ်ရွှေ့ဦးမလဲ မသိပါ ။

ဝီရဦးခေါင် အထင်မြင်လွဲမည့် ကိစ္စတစ်ခုခုတော့သေချာပေါက်ကို ဖြစ်လာမှာ ။ ဒါကြောင့်မို့လည်း နေနေ ကြိုးဖြည်ပေးမဲ့အကြံကို ခေါင်းခါလိုက်ရသည် ။

" မင်း ဒီအတိုင်းကြီး နေမလို့လား မင်းကို ငါ့သားက အကျဥ်းသားတစ်ယောက်လို ကြိုးချည်ထားတာတောင်မှ မင်းက ဒီအတိုင်းကြီး ဆက်နေဦးမယ်ပေါ့ နေဥတ္တရာ "

" ရတယ် အန်တီရို့ ကျွန်တော် "

" ရုန်းနေရင် ငါ့အဆိုးမဆိုနဲ့နော် နေဥတ္တရာ "

အဆုံးတွင်တော့ နေနေ့မှာ ကြိုးဖြည်ပေးတာကိုအသာတကြည်သာငြိမ်ခံလိုက်ရတယ် ။

" အင်ကြင်း အခန်းထဲက ထွက်သွားတော့ တို့ သူနဲ့စကားပြောစရာ ရှိတယ် "

" ဟုတ်ကဲ့ မမကြီး "

အခန်းထဲကနေ အင်ကြင်းဆိုသည့် ကောင်မလေးထွက်သွားမှ အန်တီရို့က ဝှီးချဲကိုတွန်းကာ သူ့အနားကိုရွှေ့လာလေသည် ။

" ဝီရဦးခေါင်က မင်းကို မချစ်ဘူး ဆိုတာ သိလား "

" သိပါတယ် ကျွန်တော် နားလည်းလည်တယ် "

" နားလည်ရင် တို့သားကို သုံးလပြည့်တာနဲ့ ကွာရှင်းပေးလိုက် နေဥတ္တရာ "

" ကွာပေးမှာပါ ဒါက အန်တီရို့မပြောရင်တောင် ကျွန်တော် စဥ်းစားထားပြီးသားပါ "

အမှန်တစ်ကယ်လည်း နေဥတ္တရာ ကွာရှင်းစာချုပ် ပြင်ထားပြီးပါပြီ ။ ဝီရဦးခေါင်နဲ့သူက ရှေ့ဆက်လို့လည်း ဘယ်လိုမှမဖြစ်နိုင်တဲ့သူတွေပါ ။

CEO's Possessively Boyfriend Where stories live. Discover now