Chapter 22

40.6K 2.4K 519
                                    

Unicode

အိပ်ဖို့ ပြင်နေတုန်းရှိသေး လူကို ဆွဲပွေ့သွားတဲ့ကောင်ကြောင့် နေဥတ္တရာ ဒေါသတွေကအတောင့်လိုက် ထွက်လာသည် ။

သူ ရေလည်းချိုးပြီးပြီ ။ အများကြီးလည်း စားပြီးပြီလေ ဘာတွေထပ်ကျွေးဦးမလို့လဲ အိပ်ချင်နေပါပြီဆို ။

" မင်း! "

" ငြိမ်ငြိမ်လေးနေ ညောင်းနေမှန်းသိလို့ "

ဆောင်းတွင်းထဲ ဝင်လာပြီဖြစ်၍ လမ်းများများလျှောက်တာနဲ့ နေနေ့ ခြေသလုံးနဲ့ ခြေချောင်းလေးတွေက ကိုက်တာခဲတာမျိုးဖြစ်တတ်သည် ။

ဒါကို ဝီရဦးခေါင် က ဘယ်လိုသိသွားလဲ မသိ ။ ကော်ဇလုံ အဝိုင်းလေးထဲ က ရေနွေးနွေးလေးတွေနဲ့ နေနေ့ကိုခြေထောက်ဆေးပေးဖို့ ပြင်နေတာပင် ။

" ခြေထောက်ပေး "

" ဟင့်အင်း "

ပါးစပ်က သာ ဟင့်အင်း ဆိုပေမဲ့ အလိုက်မသိတဲ့ခြေထောက်နှစ်ချောင်းက ဝီရဦးခေါင် ပေါင်ပေါ်မှာတင်လျက်သားလေးဖြစ်နေပြီ ။

" ဘောင်းဘီ အရင်ခေါက်လိုက်မယ် နော် "

" မင်း အပိုတွေလုပ်နေတာ "

ဟုတ်တယ်လေ ခါတိုင်း ဒီလိုလုပ်ပေးပါ့လား ။ အခုမှလာပြီး ဘောင်းဘီခေါက်ပေးရတာနဲ့ ခြေထောက်ဆေးပေးရတာနဲ့ လူကို စိတ်ယိုင်ပြီး သူ့ဘက်ပါအောင် လာလုပ်နေတာ ။

" ဘေးက စားပွဲမှာ ကြက်မောက်သီးဗူးရှိတယ် အဖုံးဖွင့်ထားပေးပြီးသား စားလိုက်ဦး "

ပြောတဲ့အတိုင်းကို ကြက်မောက်သီးဗူးလေးက ဇွန်းတက်ပြီးသား ။

တစ်ဇွန်းခပ်စားလိုက်တော့ အေးအေးလေးနဲ့ချိုမွှေးနေတာမို့ နေနေ ဗူးလိုက်ကြီးကောက်မော့ပစ်လိုက်သည် ။

" ဖြည်းဖြည်းချင်း စားလေ ကွာ "

" အဟွတ် အဟွတ် "

" ပြာယာခတ်နေတာပဲ တစ်ယောက်ထဲကို "

" ဝီရဦးခေါင် "

" နားထောင်နေပါတယ် ခင်ဗျာ "

" မင်းက ငါ့ကို အကျင့်ပါအောင်လုပ်နေတာ "

CEO's Possessively Boyfriend Where stories live. Discover now