Chapter 9

41.7K 2.5K 593
                                    

Unicode

" ခင်ဗျား ဘာဖြစ်ချင်နေတာလဲ နေဥတ္တရာ "

လူကြည့်တော့ ယိုင်နဲ့နဲ့ နဲ့ မျက်နှာကလည်း လူမမာနီးပါးဖြူဖတ်ဖြူရော် လေတိုက်ရင်တောင်လဲတော့မဲ့ဒီဇိုင်းနဲ့ကို အလုပ်ကသွားချင်နေသေးတာ ။

" မင်းကရော ဘာဖြစ်ချင်နေတာလဲ ဝီရဦးခေါင် "

တွေ့လား နေဥတ္တရာဆိုတဲ့ လူက ဘယ်လောက်တောင်အကြောတင်းလဲဆိုရင် သူတောင် အာပေါက်တယ် ။

" ခင်ဗျားကို အလုပ်မသွားစေချင်နေတာလေ "

" မသွားလို့ မရဘူး ဟိုမှာ ပြဿနာတစ်ခုဖြစ်နေတယ် ငါသွားမှရမှာ မင်းနားလည်လား ဝီရဦးခေါင်ပြီးတော့ ငါ့ကို လွှတ်ထားပေးလို့ မရဘူးလား "

" ခင်ဗျား သွားမှ ဖြစ်မှာလား ခင်ဗျား တစ်ယောက်ပဲ အသက်ရှိတာလား ကျန်တဲ့သူတွေကရော သူတို့ ရောလစာမယူထားဘူးလား ဘာလို့ ခင်ဗျား တစ်ယောက်ထဲ ကပဲ အားလုံးကို အကုန် တာဝန်ယူနေရတာလဲ "

" ဖယ် ရှေ့က "

" မဖယ်ဘူး မသွားရဘူး နေနေ ခင်ဗျား ဖျားတော့မှာ "

" ငါစိတ်တိုလာပြီနော် "

" မသိဘူး မသွားရဘူး ကျုပ်လည်း စိတ်တိုလာပြီ နေဥတ္တရာ "

မျက်စိရှေ့က အကြောတင်းကို ဖိုးခေါင် ပုခုံးနှစ်ဖက်ကနေ ကိုင်ကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည် ။

" အနိုင်လာကျင့်မနေနဲ့ လူရမ်းကားကောင် "

" ရမ်းကားတယ်ဆိုတာဘာမှန်းသိအောင် ကျုပ်ပြပေးရမလား နေနေ "

" မင်း! ငါ့ကို မုန်းတယ် ဆိုရင်လည်း ပြန်လာမှ အနိုင်ကျင့်လို့ မရဘူးလား အခုက ငါသွားမှဖြစ်မှာနော် ဖိုးခေါင် "

" လက်ကိုမထိနဲ့ "

သူ့လက်မောင်းကို လက်သေးသေးလေးနှစ်ဖက်ကအားနဲ့ ဆုပ်ကိုင်လာပြီမို့ ဝီရဦးခေါင်လည်း သတိအနေအထားပြင်ရတော့သည် ။

" နော်လို့ နော် နော် နော် မင်းစိတ်မချရင် မင်းပါလိုက်ခဲ့နော် ဖိုးခေါင်ကလည်း "

" နော်နော် နော် လို့ မပြောနဲ့ လို့ ကျုပ်မှာထားတယ်လေ "

" မင်းကလည်း နော် လိုက်ပို့နော် "

CEO's Possessively Boyfriend Where stories live. Discover now