Part 2 (Unicode)

5.6K 243 2
                                        

ရွှတ် ! ရွှတ် !  "

ပန်းပင်တွေရေလောင်းနေရင်းနဲ့ ခြံစည်ရိုးပေါ်ကနေ ခေါ်သံကြားတာကြောင့် လှမ်းကြည့်လိုက်တော့ မနေ့က အိမ်ကိုလာတဲ့ ဘေးအိမ်ကကောင်လေး ။ အုတ်တံတိုင်းအပေါ်မှာ သူ့ခေါင်းလေးပဲမြင်ရ၏ ။ ကိုယ်ငေးကြည့်နေတုန်းမှာ သူ့အနားကိုလာဖို့ လက်ပြခေါ်နေတာကြောင့် ရေပိုက်လေးကိုချ ခြံစည်းရိုးအုတ်တံတိုင်းနားကပ်သွားလိုက်သည်။

" ခြေထောက်က နာနေသေးလား "

" အင်း "

" ဘာအင်းလဲ ၊ နာနေရင် နာနေသေးတယ်လို့ ပြောလေ "

" နာနေသေးတယ် "

" နာနေသေးရင် အိမ်ထဲမှာထိုင်နေရမှာလေ ၊ ဘာလို့ ရေတွေဆော့နေတာလဲ "

" ရေဆော့နေတာမှ မဟုတ်တာ "

" ဆော့နေတာမဟုတ်ရင် ရေပိုက်နဲ့ ဘာလုပ်နေတာလဲ "

" ပန်းပင်တွေ ရေလောင်းနေရတာ "

" အဲဒါက လူကြီးတွေလုပ်ရတာလေ ၊ ကလေးကလုပ်စရာမှမလိုတာ "

" ငါမလုပ်ရင် အန်တီမာရီကရိုက်မှာပေါ့ "

" မရိုက်ပါဘူး အန်တီမာရီရိုက်တာကို တစ်ခါမှမမြင်ဖူးဘူး "

" ငါတော့ ခဏခဏအရိုက်ခံရတယ် ၊ အန်တီမာရီရော ဦးဦးရော နောက်ပြီး ဒေးဗစ်နဲ့ သရဖီရော ၊ အကုန်လုံး ငါ့ကိုရိုက်တယ် "

ရှိန်ဝါကတော့ တစ်ဖက်အိမ်မှာကိုယ်သွားဆော့တိုင်း တစ်ခါမှ လူကြီးတွေရိုက်တာကိုမမြင်ဘူးတာကြောင့်

" ဟုတ်လို့လား ကြောင်ပေါက်လေးရယ် "

" ငါမညာတက်ဘူး ဒီမှာကြည့် "

အနောက်ကိုလှည့်ပြလာတာမို့ ကြည့်လိုက်မိတဲ့အခါ ဘောင်းဘီတိုလေးဝတ်ထားလို့ပေါ်နေသည့် ခြေသလုံးမှာအရှိုးရာတွေကို ထပ်နေတာတွေ့လိုက်ရတာကြောင့်

" ရပြီ ရပြီ ငါယုံပြီ ဒီဘက်ပြန်လှည့်တော့ "

ကိုယ့်စကားကြောင့် ကြောင်ပေါက်လေးက အရှေ့ကိုပြန်လှည့်လာသည် ။

" ဟိုနေ့က ငါ့ကို မင်းနာမည်မပြောရသေးဘူးလေကြောင်ပေါက်လေး ၊ အဲဒါပြောပြဦး "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now