Part - 10 (Unicode )

4.7K 150 5
                                        

အိပ်ပျော်နေတဲ့ကြောင်ပေါက်လေးကို တစိမ့်စိမ့်ထိုင်ကြည့်နေရင်းနဲ့ ကြည်နူးနေမိတာက ဆက်ရယ်ပါ ။ ဒီကောင်လေးက ကိုယ့်အပိုင်ဖြစ်သွားပြီပဲ ။ ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းလိုက်သလဲ ။

ဒီကောင်လေး သိပ်ကိုရိုးသားတာ ကိုယ်အသိဆုံး ။
ကိုယ်ကတော့ သူထင်နေသလောက်မရိုးသားခဲ့ ။
သူ့ကို ကိုယ့်ရင်ခွင်ထဲထည့်ပြီး အိပ်ခဲ့ရတဲ့ညတွေတိုင်း
ကိုယ့်ကိုကိုယ် ယောကျ်ားအရင့်အမာကြီးတစ်ယောက်လို
ခံစားနေမိကာ သူ့ကိုလည်း ရယူလိုစိတ်တွေ ဖြစ်လာတာခဏခဏ ။

မေမေ့ကိုသတိရမိပြန်တာနဲ့ အခန်းအပြင်ထွက်လိုက်ပြီး
ကားသမားဦးမောင်ကိုပါ ခေါ်လိုက်သည် ။

" ဦးမောင်! မေမေ့ကို ကားပျက်တဲ့အကြောင်း ဖုန်းဆက်လိုက်ပါ ။ ကားပျက်လို့ ဒီရက်ထဲ ပြင်ဦးလွင်လိုက်လာလို့မရဘူး
ဝက်ရှော့ပို့ရမယ်ပေါ့ "

ကိုယ့်စကားကြောင့် ဦးမောင်က နားမလည်သလို
ကြည့်လာလေသည်။

" ကားက အကောင်းကြီးလေသားရဲ့ ဘာလို့ပျက်ရမှာလဲ "

" ကားက မပျက်တာ ဦးမောင်လဲသိသလို သားလဲသိတယ်။ ဒါပေမဲ့ မေမေတို့မသိဘူးလေ ။ အဲတော့ ဦးမောင်လုပ်ပေးရမှာက ကားကပျက်သွားလို့ ဝက်ရှော့ကိုပို့လိုက်ရတယ် ။
တကယ်ပျက်ဖို့လိုရင်လဲ ဖျက်လိုက်လို့ရတယ် ။ ဓာတ်ဆီလောင်းပြီး မီးရှို့တာကလွဲရင် ကြိုက်တာလုပ် ။ မနက်ကိုမလာ
နိုင်သေးဘူး ။ နောက်တစ်နေ့ကျမှ အိမ်က ကားတစ်စီးနဲ့လာခဲ့မယ် ။ သားပြောတာနားလည်လား "

ပြုံးစစနဲ့ပြောလိုက်တဲ့ ကိုယ့်စကားအဆုံးမှာတော့  ဦးမောင်ကပါ နားလည်သွားသလို ပြုံးလာသည်။

" ဟုတ်ပြီ !!! ဟုတ်ပြီ !!! ဦးမောင်နားလည်ပြီ "

" ဦးမောင်ကအတော်ဆုံးပဲ ရော့ !!ကားပြင်ဖို့ပိုက်ဆံ "

ဦးမောင်က ကိုယ်ပေးတဲ့ပိုက်ဆံတစ်ထပ်ကြီးကိုလှမ်းယူပြီး
လှည့်ထွက်သွားပါတော့သည် ။ ပြီးတာနဲ့မေမေ့ဆီကို အရင်ဆုံးဖုန်းလှမ်းခေါ်လိုက်၏။

" ဟဲလို သားသား "

" မေမေ သားလက်စွပ်ပြန်တွေ့တယ်သိလား ။ စိတ်မပူတော့နဲ့ "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now