ဆရာဝန်ကြီးဝင်လာပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကိုလုပ်ပေးလာသည် ။ ဆရာဝန်ကြီးပြန်ထွက်သွားတဲ့အခါမှ ဦးဦးက မောင့်ဆံပင်လေးတွေကို အသာသပ်တင်ပေးနေ၏။
" သားလေး ဒါစေသုတျာလေ၊ သား မမှတ်မိဘူးလား "
" စေ- သု- တျာ ဟုတ်လားဖေဖေ "
ဦးဦးစကားဆုံးသွားတော့ မောင်က ကိုယ့်နာမည်ကို
တစ်လုံးချင်းရေရွက်လို့ ။
" ဟုတ်တယ်လေ သားရယ့် သားကမမှတ်မိဘူးလား ။
သားနဲ့သုတျာက ဒီလောက်ရင်းနှီးတာကို ။အရင်ကဆို ကြောင်ပေါက်လေးလိုတောင် ချစ်စနိုးခေါ်တာလေ "
မောင်က ကိုယ့်ကိုသေသေချာချာကြည့်နေသည်။
" Sorry ပါ ကိုယ်မင်းကို တကယ်မမှတ်မိဘူးဖြစ်နေတယ်။ အချိန်ယူပြီး သေချာတွေးကြည့်လိုက်ပါ့မယ် ။ဒါနဲ့ သားက ဘာလို့ ဒီကိုရောက်နေတာလဲ "
" အော်!!! သားက မတော်တဆမှုတစ်ခုဖြစ်လို့လေ "
အန်တီုမတ်က အမြန်ပင်ဝင်ဖြေလိုက်သည်။
" ဟုတ်မယ် သားသတိရပြီ ။ ကားတိုက်မိတာများလားမေမေ။ မနေ့က သားသူငယ်ချင်းမင်္ဂလာဆောင်ရှိတယ်လေ "
မောင်က သူ့အကြောင်းတွေကို တကယ်ပဲ မမှတ်မိတာမျိုးလား။အတိတ်မေ့တယ်ဆိုရအောင်လည်း ခေါင်းကိုထိခိုက်မိတာမျိုးမှမရှိခဲ့တာ။ ဦးဦးနဲ့ကိုယ် ဆေးရုံအုပ်ကြီးနှင့်ဝင်တွေ့ဖြစ်သည်။မောင့်ရဲ့အကြောင်းအလုံးစုံကို ဆရာဝန်ကြီးကိုပြောတဲ့အခါ ...
" ဒါမျိုးက ဆေးပညာအရဖြစ်ခဲလို့ သူနဲ့သက်ဆိုင်တဲ့
ဆရာဝန်ကြီးတွေနဲ့ပြကြည့်ရင် ပိုကောင်းမယ်ထင်တယ်။
ဖြစ်နိုင်တာကတော့ သူ့ကိုသူ သေကြောင်းကြံစည်မှုမလုပ်ခင်အချိန်မှာ အရမ်းကြောက်ရွံ့စိတ်ဝင်ခဲ့ရတဲ့ တစ်ချို့အကြောင်းတွေရှိနေနိုင်တယ်။ လူသဘောသဘာဝအရ အရမ်းကြောက်လာတဲ့အရာတွေကို မေ့ပစ်လိုက်ချင်ကြတယ်လေ။ အဲလိုမျိုး သူတို့အလိုမရှိတော့တဲ့ မှတ်ဉာဏ်တွေကို သူတို့အသိဉာဏ်ထဲကနေ Cancel လိုက်တဲ့သဘောပေါ့။ အကုန်လုံးကိုမေ့လိုက်တာမဟုတ်ဘူး။ ပုံမှန်ဆေးကုသမှုလေးခံယူလိုက်ရင်
ကောင်းသွားမှာမို့ အရမ်းစိတ်မပူပါနဲ့ ။ ဂရုစိုက်ပေးဖို့တော့
လိုအပ်ပါတယ် "
ВЫ ЧИТАЕТЕ
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)