Part 3 ( Unicode)

5.1K 217 2
                                        

" သားသားက သုတျာမှမပါရင် ကျောင်းကိုပို့်လို့ရမှာမဟုတ်ဘူး မာရီရယ် ၊ အဲဒါကြောင့် ကူညီပါဦးနော် "

ဒေါ်မြတ်မဟေသီ၏ ပေါင်ပေါ်မှာထိုင်နေသည့် ရှိန်ဝါ့မျက်နှာကလဲ ငိုမဲ့မဲ့ ။ သုတျာနဲ့ ဘယ်လိုမှခွဲထားလိုမရသည့်သားက အခုလဲ ကျောင်းတက်ရမှာကို သုတျာနဲ့အတူတူမတက်ရလို့
အိမ်မှာပြဿနာရှာနေတာကြောင့် ဒေါ်မြတ်မဟေသီက
သုတျာကို သူ့သားနဲ့အတူတူကျောင်းထားဖို့် လာပြောနေရပြန်သည်။

" မာရီတို့လဲ အတူတူထားချင်ပေမယ့် ကလေးသုံးယေမတတ်နိုင်လို့ပါာက်ကျောင်းစရိတ်ကျတော့  မမမြတ်ရယ် "

ငွေကြေးတတ်နိုင်လဲ ထားဖို့အစီအစဉ်ကိုမရှိပေမဲ့ စကားလှအောင်ပြောရသည်။

" ကျောင်းစရိတ်အတွက်က မပူပါနဲ့မာရီရယ် ၊ သုတျာလေး ပညာရေးဆုံးခန်းတိုင်တဲ့အထိ မမမြတ်တို့က တာဝန်ယူပါ့မယ် "

မာရီသဘောမကျတာလဲ ဒီအချက်ပါပဲ ။သုတျာဆိုတဲ့ကောင်က ကိုယ့်သားသမီးတွေနဲ့ တန်းတူပညာသင်ခွင့်ရမှာကို
နည်းနည်းမှမေတ္တာမထားနိုင် ။ ဒီနှစ်မှကျောင်းစတက်ရမည့် သုတျာက ရာရာစစ နာမည်ကြီး Private School မှာ ကျောင်းလိုက်တက်စရာလား ။ လေးငါးခြောက်တန်းလောက်
ကျောင်းထားပေးပြီး ကျောင်းအပြီးထုတ်မယ် ။ ပြီးရင် အိမ်က အလုပ်သမားတွေနဲ့ တစ်တန်းထဲထားဖို့ တွေးထားပြီးသား ။ ဒါက မောင်မင်းကြီးသား သျှန်းဆက်ရှိန်ဝါက သုတျာနဲ့မှ
ကျောင်းအတူတူမှမတက်ရရင် ကျောင်းမသွားပါဘူးဆိုပြီး သူ့အိမ်မှာသောင်းကျန်းနေပါတယ်တဲ့ ။

" မာရီ ရေ မမပြောတာ သဘောတူလားဟင် "

" ဟုတ်ကဲ့ သဘောတူပါတယ် မမမြတ်ရယ် ၊ မမတို့ကိုလဲ အားနာတာရယ် "

စိတ်ထဲမှာ ဘယ်လိုပဲ မကျေမနပ်ဖြစ်ဖြစ် စကားချိုချိုနဲ့ အပြုံးချိုချိုက ဒေါ်မာရီရဲ့ မူပိုင်အိုက်တင် ။ မချိုလို့လဲမရဘူးလေ ။ သုတျာအိမ်ကိုရောက်လာတဲ့နှစ်လအတွင်း သူတို့ဘက်ကနေပေးလာတဲ့လက်ဆောင်တွေအပြင် ကိုယ်တွေရဲ့ ယိုင်နဲ့နဲ့ကုမ္မဏီမှာ ရှယ်ယာလေးဆယ်ရာခိုင်နှုန်း ပါဝင်ပေးလာလေသည် ။
အဲဒီကနေရလာသည့်အကျိုးအမြတ်က သူတို့သားအတွက်
ဈေးဖိုး တစ်ခါသုံးလောက်ရှိပေမည့် ကိုယ်တွေအတွက်က ယဒုက္ခတောထဲကနေ ရုန်းထွက်လို့ရလောက်တဲ့ ပမာဏမျိုး ။
ကြာကြာဝါးမယ့်သွားက အရိုးတော့ကြည့်ပြီးရှောင်ရမယ်မဟုတ်လား ။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now