ပြင်ဦးလွင်မြို့ထဲအလည်ထွက်တဲ့အခါ ပွဲကောက်ရေတံခွန်ကို
အရင်ဆုံးသွားဖြစ်ကြသည်။ ဒေါ်မာရီတို့မိသားစုနဲ့အတူတူ
လည်ပတ်ဖို့ကိုစိတ်မဝင်စားပေမည့် သုတျာက ပြင်ဦးလွင်ကို
ပထမဆုံးရောက်ဖူးတာမို့ ကိုယ့်ကလေးကိုတော့ လည်ပတ်စေချင်သေးသည်။ ကိုယ်အနားကို အချိန်ပြည့်ကပ်ချင်နေတဲ့
သရဖီ့ကိုမြင်နေရတာကလည်း အာရုံတွေနောက်စေသည်။
ရေတံခွန်ကိုရောက်တာနဲ့ သရဖီက ကိုယ့်အနားကိုရောက်လာ၏။
" ဆက်! သရဖီ့ကို ဓာတ်ပုံရိုက်ပေးပါလား "
" ငါ့ကို ဆက်လိုမခေါ်နဲ့ ။ ရှိန်ဝါလို့ ခေါ်နေကျအတိုင်းပဲခေါ် "
" နာမည်ခေါ်တာပဲဟာ ဘာလို့အဲလောက်ကပ်စီးနှဲရတာလဲ "
" သုတျာ ခေါ်သလိုလိုက်ခေါ်လဲ နင်ကသုတျာ ဖြစ်မလာဘူး သိဖို့ "
" အောင်မလေးဟဲ့ နာမည်လေးခေါ်မိတာကို ဒီလောက်တောင်ပြောစရာမလိုပါဘူး။ ကဲပါ မကြိုက်ရင်မခေါ်တော့ပါဘူး ။
ငါ့ကိုတော့ ဓာတ်ပုံလေးရိုက်ပေးနော် "
သရဖီ့စကားကြောင့် မျက်မှောက်ကျုံ့ကြည့်လိုက်ရင်း
" နင့်အစ်ကို,ကို ရိုက်ခိုင်းလေ ငါမအားဘူး "
" မအားရအောင် ဘာလုပ်နေလို့လဲ "
" သုတျာက အခုမှပြင်ဦးလွင်ရောက်ဖူးတာ။ ငါသူ့အတွက်
အမှတ်တရဓာတ်ပုံရိုက်ပေးရမယ် ။ နင်က ဒီကိုခဏခဏရောက်ဖူးနေတာ ဓာတ်ပုံရိုက်စရာ နေရာရောရှိသေးလို့လား ။
အလကား အပိုတွေ "
" ရှိန်ဝါ !ငါ့ကိုအပိုတွေလို့ မပြောနဲ့နော် ဒါလေးအကူအညီတောင်းမိတာကို "
" Sorry ငါက သူများကိုအားတိုင်းကူညီနေရအောင် အခမဲ့ Volunteer လုပ်နေတဲ့ကောင်မဟုတ်ဘူး ။ သုတျာအတွက်ကလွဲရင်ပေါ့ ။သုတျာ! လာခဲ့ သွားရအောင် "
ပြောပြီးတာနဲ့ သုတျာ လက်ကိုဆွဲပြီးလှည့်ထွက်ဖို့ပြင်လိုက်
တဲ့အချိန်မှာပင်
" သု တ ျာ !! ရှိန်ဝါကဓါတ်ပုံရိုက်မပေးရင် နင်ကျန်ခဲ့ပြီး ငါ့ကိုဓာတ်ပုံရိုက်ပေး "
သုတျာကတော့ ဆက်ရဲ့နောက်ကိုလိုက်ဖို့ဟန်ပြင်နေချိန်တွင်
အနောက်ကနေ ကိုယ့်လက်တစ်ဖက်ကို အားနဲ့လှမ်းဆွဲထားတာခံလိုက်ရလေသည်။ ရုတ်တရက်ကြီးမို့ ဟန်ချက်ပျက်သွားရကာ နောက်ကိုလန်ပြီးလဲကျသွားရတော့၏။
ВЫ ЧИТАЕТЕ
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)