မနက်ဝေလီဝေလင်းအချိန် အိပ်ယာကနိုးလာသည်။ကိုယ့်ကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူကို မနိုးစေချင်တာကြောင့် ကုတင်ပေါ်ကနေ အသာလေးထဖို့ဟန်ပြင်ပေမည့် အနောက်ကနေလှမ်းဖက်ပြီး ကုတင်ပေါ်လှဲချခံလိုက်ရတာကြောင့် လန့်သွားရသည်။
" အမေ့! !!ဆက် ... နိုးနေတာမို့လား "
ဆက်က မျက်လုံးဖွင့်မလာဘဲ ခေါင်းညှိမ့်ပြလာသည်။
" အင်း နိုးနေတာ သုတျာက တလှုပ်လှုပ်လုပ်နေတာကိုး "
" Sorry ပဲ ငါက မင်းမနိုးလောက်ဘူးထင်လို့ "
" ငါ သုတျာကိုဖက်ထားတဲ့လက်ကိုဖယ်လိုက်တာနဲ့ နိုးနေပြီ အဲဒါလေးတောင် မသိဘူးလား ။ ငါက သုတျာလို အိပ်ပုတ်မဟုတ်ဘူး "
ဆက် ပြောလဲပြောချင်စရာ ။ သူကအအိပ်ဆတ်သလောက်
ကိုယ်ကအိပ်ပြီဆို တော်ယုံနဲ့မနိုး။
" ပြန်အိပ်လိုက်နော် ဆက် ။ ငါမျက်နှာသွားသစ်ဦးမယ် ။ ဒီနေ့ ကျောင်းပိတ်တော့ ငါအိမ်ပြန်လိုက်ဦးမယ်လေ "
ပြောလိုက်တော့မှ ကိုယ့်ခါးကို တင်းတင်းကျပ်ကျပ် ဖက်လေတော့သည်။
" ဘာလို့အိမ်ပြန်မှာလဲ ငါကိုလွမ်းအောင် လုပ်နေပြန်ပြီ "
" ဘာကိုလွမ်းရအောင်လုပ်လို့လဲ ဆက်ရယ် ။ ငါ့အိမ်ငါပြန်တဲ့ဟာကို ။ သတိရရင်မင်းလိုက်လာခဲ့ ခါတိုင်းလဲမလာတာကျနေတာပဲ "
" လိုက်လာပေမဲ့ သုတျာက ညဘက်တွေပြန်မလာဘူးလေ "
" ငါပြန်မလာရင် ငါ့အခန်းမှာ မင်းလာအိပ်တယ်မဟုတ်လား။
လူကြီးတွေကတောင် မင်းနဲ့ငါ့ကို အမွှာတွေကျနေတာပဲလို့ ပြောနေကျတာကို "
" ကြောင်ပေါက်လေးကိုမှ မခွဲနိုင်တာ ။ အဲတော့ ကြောင်ပေါက်ရှိတဲ့နေရာကို တကောက်ကောက်လိုက်ရတာပေါ့ ။
အနောက်ကနေ တကောက်ကောက်လိုက်ရတာ မပင်ပန်းပေမဲ့ အဲအိမ်မှာညအိပ်ရရင် တကယ်သေချင်တာနော် ။ ဖျာပေါ်မှာအိပ်ရတာ ဘယ်လောက်ကျောနာတယ်ထင်လဲ "
" ကျောနာရင်မအိပ်နဲ့လေ ဘယ်သူက အတင်းတွေအိပ်ခိုင်းနေလို့လဲ ။ ကိုယ့်ဒုက္ခကိုယ်ရှာနေတာ "
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)