ပြင်ဦးလွင်ကနေပြန်လာထဲက သူ့အိမ်ကိုပြန်သွားတဲ့သုတျာကို
ဒီနေ့တော့ပြန်လိုက်ခေါ်ဖို့ပြင်ရပြီ။ ဒီကောင်လေးက ကိုယ်မှအနောက်ကနေလိုက်မခေါ်ရင် နေသာသပ လေညာကဆိုသလိုမျိုး အေးရာအေးကြောင်းနေနေတာလေ ။
သုတျာကိုခေါ်ဖို့ သူ့အိမ်ကိုလိုက်ဖို့ပြင်နေတဲ့အချိန်
ဧည့်ခန်းထဲမှာ မေမေ့ကထိုင်နေပြီး ကိုယ့်ကိုမြင်တာနှင့်
" ဘယ်လဲ သားသား "
" သုတျာကို းသွားခေါ်မလို့ မေမေ "
" သားသား အခုအချိန်ရသေးတယ်မို့လား "
" ဟုတ်ကဲ့ ရပါတယ် "
" ရရင် ခဏထိုင်ဦးနော်။ မေမေ စကားနည်းနည်းလောက်ပြောချင်လို့ "
စကားပြောဖို့ကို တကူးတကအချိန်တောင်းနေတဲ့မေမေ့ကြောင့် ထိုင်ခုံမှာဝင်ထိုင်လိုက်ရသည် ။
" သားက ဘာလို့် သုတျာလေးကို လိုက်လိုက်ခေါ်နေတာလဲ။ သူလဲနေ့လည်နေ့ခင်းလာနေတာပဲလေ ။ ညဘက်တော့ သူ့အိမ်မှာသူ အေးအေးဆေးဆေးနေပါစေလား "
" ဒီအိမ်လောက် သူအေးအေးဆေးဆေးနေလို့ရတဲ့နေရာ
ရှိလို့လားမေမေ ။ လိုက်ခေါ်နေရတာက သူ့ကိုစိတ်မချလို့ပါ "
" စိတ်မချရအောင် သူက သူ့အိမ်သူနေတာပဲ သားသားရယ်။ သူ့မှာလဲ အိမ်အလုပ်ရှိဦးမှာပေါ့ ။ အမြဲတမ်း ကိုယ်ကခေါ်ထားတော့ သူ့အတွက်အဆင်မပြေလောက်ဘူးလေ "
" သုတျာက ဘာလို့အိမ်အလုပ်လုပ်ရမှာလဲ။ သူ့အိမ်သားတွေကို သားတို့အိမ်ကထောက်ပံ့ပေးနေသမျှက သုတျာ
မျက်နှာကြောင့်ပဲလေ ။ ဒါတောင် သူကအိမ်အလုပ်လုပ်ရမှာလား ။ ပြောရရင် သူ့ကိုမှီပြီး တစ်အိမ်သားလုံး အဆင်ပြေနေတဲ့ဟာ "
" သူတို့မှာလဲ မိသားစုအရေးဆိုတာ ရှိနိုင်တယ်လေ "
" သုတျာအတွက် မိသားစုဆိုတာ သားတစ်ယောက်ပဲရှိရမယ်။ သွေးနီးယုံနဲ့မိသားစုဆိုပြီး အတင်းရောမချပါနဲ့ ။သုတျာအပေါ်လူမဆန်တဲ့မိသားစုတွေလက်ထဲ သားကတော့ နာရီပိုင်းတောင်မထားနိုင်ဘူး ။ သူစိမ်းကောင်းရင် အမျိုးလိုက်မမှီဘူးလေ"
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)