Part - 7 ( Unicode)

4.3K 162 2
                                        

အိပ်ယာနိုးနိုးချင်း ရေချိုးခန်းဆီသွားဖို့ပြင်နေတဲ့ ကိုယ့်အနားကို ဆက်က ရောက်လာသည်။

" ဘာလုပ်ဖို့လဲ သုတျာ "

" ငါရေချိုးမလို့ "

" ခြေထောက်က နာနေသေးတာလား "

" နည်းနည်းတော့နာတယ် ဖြစ်ကာစမို့နေမှာပါ "

" နာမှာပေါ့ ဆေးမှမလိမ်းတာ ။လာခဲ့ ငါရေချိုးခန်းထဲခေါ်သွားပေးမယ် "

" အဲလောက်မလိုပါဘူးဆက်ရယ် ငါ့ဘာသာ လျှောက်နိုင် အမေ့! !! "

ကိုယ့်စကားတောင်မဆုံးသေးခင် ပွေ့ချီတာခံလိုက်ရတာမို့
သုတျာ အလန့်တကြားအော်လိုက်မိပါသည် ။ ကိုယ်ကိုများ ပွေ့ချီလိုက်တာ ကလေးတစ်ယောက်ကိုချီလိုက်သလိုမျိုး သူပုံစံကသက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး ။ကိုယ်မှာသာ
အလန့်တကြားဖြစ်ရ၏ ။ စိတ်တိုလာတာနဲ့ ဆက် ရင်ဘက်တွေကို အဆက်မပြတ်ထုရိုက်လိုက်မိတော့သည်။

" မင်းဘယ်လိုဖြစ်လို့ ခြေမြန်လက်မြန်လုပ်နေတာလဲ ။ လန့်လိုက်တာ "

" အကောင်းမို့လဲ ချီခေါ်ရသေးတယ်  ခြေထောက်နာမှာစိုးလို့လေ "

ပြောရင်းနဲ့ရေချိုးခန်းထဲရောက်တဲ့အခါ ကိုယ့်ကို bathtub ထဲ ထည့်ပေးပြီး ...

" အကျႌချွတ် ပြီးရင်ရေဖြည့်ပေးမယ် "

" ငါဘာသာလုပ်မယ် မင်းအပြင်ထွက်တော့ "

" ငါလုပ်ပေး ---"

" ဆက် !! အခုအပြင်ထွက်ဆို ထွက်လိုက်တော့နော်။ စကားမများနဲ့ ။ ငါဒေါသထွက်မလာခင် အခုထွက် "

" အေးပါကွာ Baby ကလဲစိတ်ကြီးပဲ ။ ထွက်ဆိုလဲ
ထွက်ပေးပါ့မယ် ။ အခုရက်တွေထဲ ဘာဖြစ်နေလဲသာမသိ
တယ် သူ့စိတ်ကြီးပဲ "

ဆက်တစ်ယောက် အခန်းအပြင်ထွက်လိုက်ရသည် ။  ခဏအကြာမှာတော့ ရေချိုးခန်းတံခါးလေး နည်းနည်းဖွင့်လာပြီး အထဲကနေ ခေါင်းလေးပဲထွက်လာသည်။

" ဆက် !ငါ့ကို အကျႌတွေယူပေးဦး "

" တဘက်ရှိတယ်လေ ပတ်ပြီးထွက်လာခဲ့ "

" မထွက်လာဘူး အကျႌယူပေးဆိုယူပေး "

" ကျွတ်!!! ဘယ်လိုကြောင်ပေါက်လေးလဲကွာ "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Место, где живут истории. Откройте их для себя