Part - 5 (Unicode)

4.9K 178 1
                                        

"ငါ့ကို ဘယ်လိုဖြစ်လို့ခေါ်ချင်သလိုတွေ ခေါ်နေတာတုန်း ။ သုတျာဆိုလဲ သုတျာပဲခေါ်။ အခုချိန်ထိ ကြောင်ပေါက်လေးလို့ခေါ်နေတာ သူများကြားရင် ရချင်စရာကြီး ။ မင်းမရှက်ဘူးလား ။ အခုလဲ လာပြန်ပြီနောက်တစ်မျိုး ဘယ်ကနေဘယ်လို ကြောင်ပိစိဖြစ်ရတာလဲ "

ဗရမ်းဗဒါဖြစ်လာတဲ့ရင်ခုန်သံတွေကို ဆက်မသိအောင် ချုပ်တည်းလိုက်ရင်း ကိုယ့်ပုံစံအတိုင်း လေသံမာမာနဲ့ မေးလိုက်မိသည်။

" မရှက်ပါဘူး သုတျာလေးက ငါ့အပိုင်ပဲဟာ ငါခေါ်ချင်သလိုခေါ်မှာပေါ့ ။ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ ။ တစ်လောကလုံးမှာ ငါဂရုစိုက်တာဆိုလို့ ငါ့ရဲ့ကြောင်ပေါက်လေးပဲရှိတယ် ။အဲတော့ ငါခေါ်ချင်သလိုခေါ်မှာ "

" ငါ တကယ်သိချင်လို့ မေးပါရစေ ။ ငါက မင်းဘဝအတွက် ဘယ်လောက်များအရေးပါလဲ "

မေးလိုက်တဲ့စကားအဆုံး ဆက်က သူ့မျက်မှာကို ကိုယ့်မျက်နှာနှင့် တစ်တန်းထဲဖြစ်အောင် ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။

" ငါ ဘယ်သွားသွား အိတ်ကပ်ထဲထည့်ခေါ်သွားမဲ့
ငါ့ရဲ့ကြောင်ပေါက်လေး "

စကားဆုံးတာနဲ့ ကိုယ့်ခေါင်းနောက်ဖက်ကို သူ့လက်တစ်ဖက်နဲ့ သိုင်းဖက်လာကာ နှဖူးချင်းထိစေလိုက်ပါသည် ။ တစ်ဆက်ထဲ သူ့နှာခေါင်းချွန်ချွန်နဲ့ ကိုယ့်နှာခေါင်းထိပ်ဖျားကို အကြိမ်ကြိမ်ပွတ်တိုက်လာတာမို့ အခုချိန်ထိကိုမတည်ငြိမ်နိုင်သေးတဲ့ ရင်ခုန်သံတွေက ထပ်ကာထပ်ကာ ဝုန်းဒိုင်းကြဲဆူညံလို့ ။
ဆက်အထိအတွေ့ကနေ  အမြန်ရုန်းထွက်လိုက်မိ၏။

" အရူး ငါ့ကိုတော့ အိတ်ကပ်ထဲ ထည့်မရဘူး။ Niko
ပဲထည့်သွား "

ကိုယ့်စကားကြောင့် ဆက်က တဟားဟားအော်ရယ်လိုက်
ပါတော့သည် ။ ဆရာမရောက်လာတော့ စာသင်ပြီး
ဆရာမပြန်သွားတော့လည်း ဆက် နားမလည်ဘူးဆိုတဲ့စာတွေကို တစ်ခုချင်းရှင်းပြရသည် ။ စာလုပ်လို့ပြီးတော့ နာရီကြည့်လိုက်အခါ ညရှစ်နာရီတိတိ ။

နှစ်ယောက်သား စာကြည့်စားပွဲကနေမထရသေးခင်
ဆက်က သူ့ခန္ဓာကိုယ်ကို ဘယ်ညာကိုင်းပြီး အညောင်းဖြေနေ၏။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Wo Geschichten leben. Entdecke jetzt