" ဒုန်း! !!!! "
ကျယ်လောင်သောအသံနှင့်အတူ အခန်းတံခါးလည်းပွင့်သွားပါတော့သည် ။ ရှင်းသန့်ကိုယ်တိုင်လန့်သွားပြီး တံခါးဆီကြည့်လိုက်မိ၏။
" ချစ်! !!! အား မလုပ်ပါနဲ့ !!! "
အခန်းထဲဝင်ဝင်ချင်းမှာ မြင်လိုက်ရတဲ့မြင်ကွင်းက ဆက်ကို တုန်လှုပ်သွားစေသည် ။ ချစ်က သူ့လည်ပင်ကို တစ်ခုခုနဲ့ထိုးထည့်နေသလိုမျိုးအနေအထားနဲ့ လည်ပင်းဆီကနေသွေးတွေက စ်ီးကျနေ၏ ။ ဟုတ်ပါရဲ့ ကိုယ်လည်း တစ်ချိန်တုန်းက အသက်ရှင်ချင်စိတ်မရှိတော့လို့ ဒီလိုလုပ်ခဲ့ဖူးတာပဲ ။
ဖျက်ခနဲမှတ်မိလာတဲ့အတွေးတစ်စ ။ အခုလည်း ချစ်က
ကိုယ်လုပ်ခဲ့မိသလိုမျိုး လုပ်နေပြန်ပါရောလား ။ သူသေလိုက်ဖို့အတွက် ဘယ်အရာတွေကဖိအားပေးနေတာလဲ ။
" ခွေးသူတောင်းစား ရှင်းသန့်လင်း! !!! "
ပါးစပ်ကညစ်ညမ်းစွာဆဲလိုက်မိရင်း မလှမ်းမကမ်းမှာရပ်နေတဲ့ ရှင်းသန့်လင်းရဲ့မျက်နှာကို လက်သီးနဲ့အားကုန်ထိုးချလိုက်သည် ။ လဲကျသွားတဲ့ သူ့ကိုယ်ပေါ်ကိုခွထိုင်လိုက်ရင်း
အင်္ကျီကော်လံကနေဆွဲထားကာ မျက်နှာကိုအဆက်မပြတ် ထိုးနေမိပါတော့၏ ။ဒင်းကများ ရာရာစစ စေသုတျာကိုခေါ်လာတာတဲ့လား ။
" သေစမ်း !!!မင်းကိုငါသေအောင်သတ်မယ် ! စေသုတျာကိုထိချင်ဦး! ခွပ်! !! ခွပ်! !! "
ကိုယ့်လက်သီးနဲ့ ရှင်းသန့်လင်းရဲ့အသားစိုင်တိုထိခပ်မှုက
ကျယ်လောင်စွာထွက်ပေါ်လာတော့သည် ။
" သားသား! တော်တော့! တော်တော့! ဒီကိစ္စကို မေမေတို့လူကြီးတွေရှင်းလိုက်မယ်။ ရပ်လိုက်တော့ သုတျာလေးကို အရင်ကြည့်ရမှာလေ သားသားရယ် ။ကြည့်လိုက်ပါဦး သူပုံစံလေးက အဆင်ပြေမနေဘူးနော်"
မေမေ့ရဲ့ ငိုသံနဲ့ရောထွေးနေတဲ့ အသံကိုကြားလိုက်မှ
လက်ရှိအချိန်ကို သတိပြန်ဝင်လာပါတော့သည် ။ ဟုတ်ပါရဲ့ ချစ်ကိုကြည့်ရမှာလေ ။ ချက်ချင်းပဲ ချစ်အနားကိုရောက် သွားတဲ့အချိန် ချွေးတွေရွှဲစိုနေတဲ့ချစ်ရဲ့မျက်နှာလေး ။ လူကလဲ တုန်နေသေး၏ ။ လက်ထဲမှာကိုင်ထားတာက ခက်ရင်းတစ်ခုပဲ ။
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)