အလုပ်ထဲအာရုံစိုက်ရင်း တစ်စုံတစ်ယောက်က ကိုယ့်ကို စူးစူးနင့်နင့်အသံနဲ့ခေါ်လိုက်သလိုမျိုး ကြားလိုက်မိတာကြောင့်
ခန္ဓာကိုယ်က ဆက်ခနဲတုန်သွားသည် ။ အနောက်ကိုလှည့်
ကြည့်လိုက်မိတာကြောင့် ကိုယ့်ဘေးနားမှာရှိတဲ့လူတွေကပါ ကိုယ်လှည့်ကြည့်တဲ့နေရာဆီ စုပြုံပြီးကြည့်လာကြသည်။
သေချာတာက ကိုယ့်ကို မောင်လို့ခေါ်လိုက်တာ ။
ဝိုးတဝါးကြားလိုက်ရတဲ့အသံဟာ ကိုယ့်ကလေးအသံဆိုတာကို
သေချာမှတ်မိနေသလို တစ်ဆက်တည်းမှာဘဲ တစ်ခုခုများဖြစ်
နေပြီလားဆိုတဲ့စိုးရိမ်စိတ်က ရင်ထဲကိုဆောင့်တိုးပြီးဝင်ရောက်လာတော့သည် ။
အခြားသူတွေကြားရင် ကိုယ်ရူးနေပြီလို့သေချာပေါက် သတ်မှတ်နိုင်ပေမည့် ဒါဟာ ကိုယ်နဲ့ ကိုယ့်ကြောင်ပေါက်လေးကြားထဲက စိတ်ချင်းဆက်သွယ်မှုသာဖြစ်တယ်လို့ ယုံကြည်နေမိ၏ ။ သူပြောခဲ့ဖူးတယ်လေ ။ သူ့စိတ်ထဲကနေ ကိုယ့်ကိုလှမ်းခေါ်ခဲ့ရင် ဘယ်သူ့မှမကြားတောင် ကိုယ့်နှလုံးသားထဲက ကြားနိုင်မှာပါတဲ့ ။
" ကျွန်တော် ဖုန်းလေးခဏလောက်ပြောချင်လို့ ဒါတွေစစ်နေတာကို ခဏလောက်နားရအောင်နော် "
" ဟုတ်ကဲ့!! ရပါတယ် CEO "
ဝန်ထမ်းတွေ အခန်းထဲကထွက်သွားတာနဲ့ ချက်ခြင်းဖုန်းခေါ်လိုက်သည်။ ဖုန်းကဝင်သွားပေမည့် ကိုင်မည့်သူမရှိ ။ လေးငါးခါခြောက်ခါမကခေါ်ပေမည့် ဘာမှထူးခြားမလာခဲ့ ။ နောက်တစ်ဆင့်အနေနဲ့ ရုံးဖုန်းကိုလှမ်းခေါ်လိုက်သည်။
" အမိန့်ရှိပါ CEO ရှင့် "
" ရုံးမှာ ဒါရိုက်တာ စေသုတျာရှိလား "
" အခုထိတော့ မတွေ့မိသေးဘူးရှင့် "
" ခွင့်ယူထားသေးလား "
" ခွင့်စာတက်မလာဘူး CEO "
" ဒါဆို အခုချိန်ရုံးမှာ ဒါရိုက်တာစေသုတျာ မရှိတာသေချာတယ်ပေါ့ "
" ဟုတ်ကဲ့ သေချာပါတယ် "
" ဟုတ်ပြီ သူ့ကိုတွေ့ရင် ကိုယ့်ကိုချက်ချင်းဖုန်းဆက်ဖို့ပြောပေး အရေးကြီးတယ်နော် "
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)