ဆိုင်ထဲဝင်လိုက်ပြီဆိုတာနဲ့ ကော်ဖီနဲ့ကိတ်ကိုသွားယူပြိီး
ဆက်တို့နှစ်ယောက်ကို လှည့်တောင်မကြည့်တော့ပဲ သူတို့ထိုင်နေတဲ့ဘေးဘက်မှာရှိတဲ့ခုံမှာ နေရာယူလိုက်သည် ။ ပြီးမှဖုန်းထဲကသီချင်းတစ်ပုဒ်ကိုဖွင့်ကာ နားထဲကိုနားကျပ်ထိုးထည့်ထားလိုက်၏ ။
🎼 ရေထဲနစ်သူမှာ ××ဆက်ပြီးအသက်ရှင်စရာ×× လေကိုသာ ရှိုက်သွင်းဖို့ ×× ဆာလောင်လိုအပ်သလိုမျိုး ×× ငါ့ဘဝအသိစိတ်တစ်ခုလုံး မင်းအချစ်ငတ်မွတ်နေတုန်း ×× အခုထက်ထိ ငါ 🎼
တစ်ချိန်တုန်းက ချစ်ရတဲ့မောင်က ကိုယ့်ကိုမြတ်မြတ်နိုးနိုးဆိုပြဖူးတဲ့သီချင်းလေး ။ အခုတော့ မောင်က ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်ကို တွယ်တာနေပြီလားကွယ် ။
ရုတ်တရက်ဝဲတက်လာတဲ့မျက်ရည်တွေကို စီးကျမလာအောင် မျက်နှာကိုအပေါ်မော့လိုက်တဲ့အချိန်မှာပဲ ကိုယ့်ဘေးနားမှာလာရပ်နေတဲ့ ဆက် ။
" ဆက်! !!! "
" ဟိုဘက်မှာလာထိုင် ။မသိရင်ငါက ကလေးစိတ်နဲ့အနိုင်ကျင့်နေသလိုပဲ။ မြင်နေတာတာ အဆင်ကိုမပြေဘူး "
မုန့်တွေထည့်ထားတဲ့ဗန်းကို သူ့ဘာသာမယူသွားတာမို့ မောင့်နောက်ကို အပြေးလိုက်သွားရသည် ။ ဝမ်းနည်းစိတ်ကြောင့်ကျချင်လာတဲ့မျက်ရည်ဟာ အခုတော့ကြည်နူးမှုကြောင့် ကျချင်လာတဲ့မျက်ရည်အဖြစ် ပြောင်းသွားရပါပြီ ။မောင်ဟာ ကိုယ့်ကို ငိုအောင်ကော ရီအောင်ပါ တစ်ပြိုင်တည်းလုပ်နိုင်တဲ့သူပါပဲလေ ။
မောင်ဟာ မောင်ပါပဲလေ ။ မောင့်ဦးနှောက်က အချစ်ကိုမေ့နေရင်တောင် မောင်နှလုံးသားထဲမှာရှိနေတာ အချစ်တစ်ယောက်ထဲပဲမဟုတ်လား ။ မောင့်ရဲ့စိတ်တွေပင်ပန်းလွန်းလို့ အချစ်ကိုခဏမေ့ထားတာမျိုးနေမှာပါ ။ ဟုတ်တယ် ! ခဏမေ့ထားတာ အပြီးမေ့သွားတာမဟုတ်ဘူး ။ ကျေးဇူးပါမောင်! !!!
ဒီကာလအတွင်း မောင့်ကိုကာကွယ်ဖို့ အစွမ်းကုန်သန်မာပါ့မယ်။ အခုလိုအချိန်မှာတောင် ကိုယ့်ကိုပစ်မထားရက်တဲ့မောင်က ဘဝတစ်သက်တာလုံးမှာ ကိုယ့်ကိုချန်ခဲ့ဖို့ဘယ်ဖြစ်နိုင်ပါ့မလဲ။သုတျာ ကိုယ့်ဘေးကခုံမှာဝင်ထိုင်လိုက်တဲ့အချိန် ဆက်က ---
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)