ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က စားသောက်ဆိုင်တစ်ခုတွင် အစားအသောက်မှာနေချိန်မှာ ကိုယ့်ရဲ့ တလှုပ်လှုပ်ဖြစ်နေတဲ့ပုံစံကို မေမေက သတိထားမိသွားပုံရလေသည်။
" သားသား ဘာဖြစ်နေတာလဲ ဟိုကြည့်ဒီကြည့်နဲ့ "
" ဟို !!!သား အိမ်ကိုခဏပြန်မှဖြစ်မယ်မေမေ "
" ဘာဖြစ်လို့လဲ သားသားရယ့် "
" သားလက်စွပ် ကျန်ခဲ့ပြီမေမေ။ ရေချိုးခန်းထဲကျန်ခဲ့သလားပဲ "
" ဟုတ်လို့လားသားသားရယ် သေချာကြည့်ပါဦး "
" ဒီမှာလေမေမေရယ် ပါမှမလာတာ "
ကိုယ့်လက်မှာ တကယ်လဲ လက်စွပ်ကပါမလာ ။
ကာလတန်ကြေး သိန်းသုံးရာလောက်တန်သည့်စိန်လက်စွပ်မို့
မေမေလည်း စိုးရိမ်သွားပုံရသည်။
" အခုသားသားက သွားပြန်ရှာမလို့လား ။အိမ်ကလူတွေကို လှမ်းရှာခိုင်းလိုက်လေ "
" သား အိမ်က ကားနဲ့ပြန်လိုက်မယ် ။ မေမေတို့အရင် သွားနှင့် ပြီးမှသားလိုက်လာခဲ့မယ် ။အန်တီမာရီတို့ကားနဲ့သွားလို့ရတာပဲ ။သားက လက်စွပ်ကို ဘယ်နေရာချွတ်ထားမိမှန်းမသိတော့ဘူး "
မေမေ့ဆီကခွင့်ပြုချက်ရတာနဲ့ ဆက်လဲ အချိန်တောင်မဆွဲဘဲ ကားသမားနဲ့ရန်ကုန်ပြန်လာခဲ့သည် ။ လက်စွပ်ကပျောက်စရာလား ။ ကိုယ့်ဘောင်းဘီအိတ်ကပ်ထဲ တစ်ချိန်လုံးရှိနေတာ ။ အိမ်ပြန်ရဖို့အရေး ဂွင်တော့ဆင်တတ်ရတာပေါ့ ။ငါပြန်လာပြီ ကြောင်ပေါက်ရေ ။ ငါ့လက်ကလွတ်အောင်သာပြေးပေတော့ ။
ရန်ကုန်ကိုပြန်ရောက်တဲ့အချိန် သုတျာတို့အိမ်ကိုသွားပြီး
အလုပ်သမားတွေကိုမေးတော့ အိပ်နေပြီတဲ့။ ကိုယ်မှာတော့
ဒီရက်ပိုင်းထဲမအိပ်နိုင်ခဲ့ပေမည့် သူကတော့ အေးရာအေးကြောင်းနေနိုင်သေးသည်။
အိပ်ခန်းထဲဝင်ကြည့်လိုက်တော့ တကယ်ကိုအိပ်ပျော်နေသည် ။ သူနဲ့ကိုယ် ဆင်တူကိုင်တဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့
ထင်တဲ့အတိုင်းပဲ Fbကနေ ပိုးကဗျာက စာတွေပို့ထားတာ
မနည်း ။ ကြောင်ပေါက်ကတော့ ဝင်ကြည့်မထားပါ ။
စိတ်တိုတိုနဲ့ စာတစ်ကြောင်းပြန်ပို့လိုက်မိ၏။
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)