Part - 16 ( Uni)

4K 121 4
                                        

ဒီလိုနဲ့ပဲပေါ့  ပူပူနွေးနွေး E မေဂျာကျောင်းသားဖြစ်လာတဲ့ကိုယ်က TTA Group ရဲ့တစ်ဦးတည်းသောဆက်ခံသူဆိုတဲ့အရှိန်အဝါနဲ့ အသစ်စက်စက်တက္ကသိုလ်နယ်မြေထဲအထိ
လင်းလက်တောက်ပစေသလို၊ အမြဲအတူရှိနေသည့် ကိုယ့်ကလေးကတော့ မေဂျာပေါင်းစုံထဲမှာ ပြိုင်ဘက်ကင်းအောင် ချောမောလွန်းတဲ့ကောင်လေးအဖြစ် ထင်ရှားလာလေတော့သည်။

မေဂျာရဲ့ Kingအဖြစ် ကိုယ်နဲ့သုတျာက တစ်ပြိုင်တည်း
နာမည်ကြီးခဲ့ပေမည့် တကယ်တမ်းအရွေးခံခဲ့ရတဲ့သူက
သုတျာပင်ဖြစ်သည် ။ မိန်းကလေးအများစုရဲ့ စကားသံ
တစ်ချို့က သျှန်းဆက်ရှိန်ဝါက ချောသလောက် မာနကြီး
မျက်နှာထားတည်တာမို့ ကြောက်စရာကောင်းသည် ။ စေသုတျာကတော့ အပြစ်ဆိုစရာမရှိတဲ့ အေးချမ်းတဲ့မျက်နှာပိုင်ရှင်လေးမို့ ပိုသဘောကျပါသည်တဲ့ ။

ဆက်မှာတော့ ဒီတက္ကသိုလ်မြေကိုခြေစချထဲက တစ်ရက်မှ
စိတ်မအေးချမ်းခဲ့ရတာအမှန် ။ မိန်းကလေးတွေတင်မဟုတ်
ယောကျ်ားလေးတွေပါ ပိုးပန်းတာကိုခံခဲ့ရသည့် ကိုယ့်ကြောင်ပေါက်လေး ။ ကိုယ်ကတော့ လှပတဲ့ပန်းလေးကိုစောင့်ရှောက်နေရတဲ့ ဘီလူးကြီးပေါ့ ။

ကန်တင်းမှာ နှစ်ယောက်သားအတန်းချိန်လစ်ပြီး အအေးသောက်နေတုန်း အနားကို မိန်းကလေးငါးယောက်အုပ်စုက
ဖြေးဖြေးချင်းကပ်လာတာမို့ ဆက်က မျက်နှာကိုတည်ပြီး
မော့ကြည့်လိုက်သည်။ မိန်းကလေးတွေထဲက တစ်ယောက်က ကိုယ့်ကလေးကိုသာကြည့်နေရင်း ---

" ဟို... သူက စေသုတျာပါနော် "

မိန်းကလေးအသံကြားလိုက်ရတာကြောင့် သုတျာမော့ကြည့်မိတော့ ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ မျက်နှာစိမ်းမိန်းကလေးအုပ်စု ။ အကျင့်ပါနေတဲ့မျက်လုံးတွေက ဆက်ရဲ့
မျက်နှာကို ဖျက်ခနဲကြည့်လိုက်တော့ မျက်မှောင်ကျုံနေလေပြီ။

" ဟုတ်ပါတယ်ခင်ဗျာ့ "

" ဟေမာန်က E မေဂျာကပါပဲ.....  "

" E မေဂျာကဆိုရင် ဘာလို့ စေသုတျာပါလားမေးနေရသေးတာလဲ ။ အပိုတွေလုပ်နေတာ "

ထင်သည့်အတိုင်း တစ်ဖက်က ဘာမှမပြောရသေးခင်ကို
ဒေါသထွက်နေတဲ့သူ  ။ ကြိုတင်တားမှ တော်ယုံလောက်ရှိမှာမို့ ---

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now