Part - 38 ( Zaw)

1.5K 11 0
                                        

" ဒီမှာဧည့်သည်လာလို့ ရဲရင့်ရယ့် "

" အော်!! ဘာကိစ္စများရှိလို့လဲမသိဘူးခင်ဗျာ "

" ကျွန်တော်တို့က ဟိုဘက်ခြံက လူသစ်တွေပါခင်ဗျာ ။
သားသားက ခြံထဲမှာဆော့နေရင်းနဲ့ ဒီဘက်ခြံထဲကသားလေး စက်ဘီးစီးတာကိုတွေ့ပြီး သူပါဆော့ချင်လို့ဆိုပြီးငိုနေတာချော့မရလို့ ခဏလောက်ဖြစ်ဖြစ် အကူအညီလေးလာတောင်းတာပါ။ ဘေဘီသျှန်းက သူဖြစ်ချင်တာမဖြစ်ရရင် တစ်နေကုန်ချော့မရအောင်ငိုတတ်လို့ပါ "

" အော်!! ဟုတ်ကဲ့ "

" ကျွန်တော် ဦးရဲရင့်သွေးတို့ကို သိပါတယ်ခင်ဗျာ ။
ကျွန်တော်တို့ကလဲ ရန်ကုန်ကပါပဲ ။ကျွန်တော်ကသျှန်းဆက်ရှိန်ဝါပါ။ TTA Group ရဲ့ CEO ပါ ။ဒါက ကျွန်တော်အမျိုးသား  SAT Group ရဲ့ CEO စေသုတျာ ပါ "

ကျွန်တော်ကဘယ်သူဆိုတာထက် ဘာလုပ်ပါတယ်ဆိုတာကို
တွဲပြီးအသိပေးလိုက်တာက ယုံကြည်မှုကိုမြန်မြန်တည်ဆောက်နိုင်မယ်လို့ထင်တာကြောင့် ဆက်ကတော့ ကိုယ့်အလုပ်ကိုပါအသိပေးလိုက်သည် ။ တစ်ဖက်မိသားစုကလဲ နည်နည်ရရမဟုတ်လေတော့ သူတို့ခြံဝန်းထဲကို လူတကာပေးဝင်ဖို့အတွက် ဝန်လေးနေကျမှာပဲလေ ။

" အော်!!! ကိုယ်သိပြီ သတင်းတွေထဲမှာမြင်ဖူးနေပါတယ် ။အိမ်ထဲအရင်ဝင်ပါဦး။ ရဲရင့်ရော ဒီကလေးတွေကိုသိတယ် မို့လား "

လူပုံက ဖြူဖြူပါးပါးလေးနဲ့ ရှပ်အင်္ကျီလက်တိုလေးကိုဝတ်ထားကာ မျက်မှန်လေးတပ်ထားတဲ့လူက ဦးမြတ်သောမောင်ဆိုတာကို သိလိုက်တာနဲ့ ဒီအမျိုးသားက အပြင်မှာတော်တော်ကြီးကို ချောမောပြည့်စုံတာပဲလို့ အသိအမှတ်ပြုလိုက်မိသည် ။ ဒါကြောင့်လဲ လိင်တူလက်ထပ်ခြင်းတွေ ပွင့်လင်းမြင်သာမှုသိပ်မရှိသေးတဲ့ လွန်ခဲ့တဲ့ခုနှစ်နှစ်ကျော်လောက်ထဲက ဦးရဲရင့်သွေးက ရအောင်ယူခဲ့တာနေမှာ ။ ဆက်တို့သားအဖတွေ ခြံထဲဝင်လိုက်တာနဲ့ ကလေးနှစ်ယောက်ကအနားကိုရောက်လာတာမို့ ဦးမြတ်သောက ကလေးနှစ်ယောက်ကို လက်တစ်ဖက်စီနဲ့ထွေးပွေ့လိုက်သည်။

" Ki နဲ့ Di လေးရေ ဒီမောင်လေးက အတူတူဆော့ချင်လို့ပါတဲ့ ။ အဲဒါသားနဲ့သမီးက မောင်လေးနဲ့အတူတူဆော့ပေးလိုက်နော်။ Ni လေးလဲ အတူဆော့လို့ရတယ်လေ "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now