" ဘာကိုလဲ ငါဘာလုပ်မိလို့ လာအော်နေရတာလဲ"
မောင်က ကိုယ့်အကျႌကော်လံကို အားနဲ့ဆောင့်ဆွဲလာသည်။
" ကုမ္မဏီခေါင်မိုးထပ်အထိတက်လာပြီး ဟိုကောင်နဲ့
အကြည်လာစိုက်နေတာကိုမေးနေတာလေ။ ဘာလုပ်မိလို့လဲဆိုပြီး ငါကိုပြန်မေးနေရအောင် အတိတ်မေ့နေတာ ငါလား
မင်းလား "
" ဘာကိုအကြည့်လာစိုက်နေလို့လဲ။ ဒီနေရာကို ငါ့သာဘာငါအရင်လာနေတာ။ သူကသိပြီးလိုက်လာတာ။ စကားပြောတာ စည်းမလွတ်နဲ့နော် မောင် ။လူကြီးလူကောင်းဆန်ဆန်ပြော "
" အော် ဟော်!!! အေးပါ မင်းကယဉ်ကျေးသူကြီးပေါ့
ဟုတ်လား! ဒူးထောက်ပြီး ဖိနပ်ကြိုးချည်ပေးတာကို ပီတိဖြာ
နေတာဘယ်အကောင်လဲ။ ငါ့မျက်စိနဲ့မြင်ထားတာ ဒါနဲ့ဆိုနှစ်ခါရှိနေပြီ။ ပထမတစ်ခါကလဲ မုန့်လာပေးတယ်။ အဲတုန်းကလဲ မင်းကျေကျေနပ်နပ်ကြီးယူထားတာပဲလေ။ မဟုတ်ဘူးလို့
ငြင်းရဲလား ငြင်းရဲရင်ငြင်းလိုက်စမ်း ။ငါကိုဘာမှမသိတဲ့
စောက်တုံးကောင်လို့ထင်နေတာလား စေသုတျာ "
အဲတုန်းက မောင့်အတွက်အရင်လာပေးတာလို့ ပြောလိုက်ချင်ပေမည့် ကိုယ့်ကိုမကျေနပ်ချက်တွေနဲ့ တစ်ဖက်ကို စိတ်လည်သွားမှာကြောက်လို့ ပြောမထွက်ခဲ့ပါ ။
" နှစ်ခါမကလို့ ဆယ်ခါရှိရှိ ငါမြှူဆွယ်လို့ဖြစ်တာမှမဟုတ် တာ။ မောင်ကရော ဘယ်လောက်တောင် အပြစ်ကင်းနေလို့လဲ ။ရှင်းသန့်လင်းကိုစပြီးပတ်သက်တာ မောင်လေ ။
မောင်ရောဘာသဘောနဲ့ သူ့နားကပ်နေတာလဲ "
" ငါကပတ်သက်တာနဲ့ပဲ မင်းလဲလိုက်ပတ်သက်မယ်ပေါ့ဟုတ်လား စေသုတျာ "
စကားတွေကထပ်ပြီးပြောလေ ဒေါသထွက်စရာတွေကပိုဖြစ်လာလေ ဖြစ်တော့မှာကိုသိနေတာနဲ့ ဒီကိစ္စဒီမှာပဲရပ်လိုက်ဖို့ စိတ်ကူးလိုက်ပါတော့သည် ။
" ဒီကိစ္စကို ဒီမှာပဲတော်လိုက်ရအောင် မောင်။ ရုံးခန်းထဲပြန်တော့မယ် "
ကိုယ်ကပြောပြီးပြီးချင်း အခန်းအပြင်ထွက်ဖို့ ခြေလှမ်းပြင်လိုက်သည်။
" ငါစကားမဆုံးသေးဘူး စေသုတျာ ။မင်းခြေလှမ်းတွေကို အခုရပ်ဆိုရပ်နေလိုက် "
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)