Perfect Love-1

861 89 17
                                    

(Unicode)

"နာလိုက်တာ ဒေါက်တာရယ် ကျွတ်စ်! ကျွတ်စ်!"

"မွေးပြီးသွားရင် အကုန်အဆင်ပြေသွားမှာပါ၊ သားဦးလေးလိုချင်တယ်မလား"

"ဟုတ်ကဲ့ ဒေါက်တာ"

"ဒါဆိုရင်စိတ်ကိုစုစည်းပြီး အကောင်းဆုံးညှစ်ထုတ်လိုက်နော်"

"ဟုတ်..ဟုတ်ကဲ့ အားးးး"

"အူဝဲ! အူဝဲ! အူဝဲ"

သန္ဓေသားလေး လူ့လောကထဲရောက်ပြီဆိုတာနဲ့ မွေးခန်းထဲကနာရီကိုကြည့်ပြီး အချိန်နှင့်နေ့နံကို သူရေရွတ်လိုက်သည်။

"၁၁နာရီA.M သောကြာသား"

:

"ဒေါက်တာ Park"

"ပြောပါ"

"နောက်လကျရင်သွားမယ့်ခရီးကိစ္စအတွက် ဆေးရုံအုပ်ကြီးက လာတွေ့ဖို့မှာလိုက်ပါတယ်"

ခွဲခန်းဝတ်စုံကို ကူချွတ်ပေးနေတဲ့ nurse လေးကပြောလာတာမို့ Chanyeol ခေါင်းတဆတ်ဆတ်ညိမ့်လိုက်ရင်း

"အင်း သိပြီ"

မွေးလူနာတွေဆက်နေတာမို့ မနက်ကတည်းကအစားကောင်းကောင်းမဝင်သေးတဲ့ ဗိုက်ကိုဖြည့်ပြီးမှသာ ဆေးရုံအုပ်ဆီသွားရန် Chanyeol တွေးလိုက်ပါသည်။

:

ဒေါက်! ဒေါက်!

"ဝင်ခဲ့ပါ"

"ကျွန်တော်ရောက်ပါပြီ"

"ဪ ရောက်ပြီလား၊ လာ ထိုင်"

ညွှန်ပြတဲ့နေရာမှာ Chanyeol ဝင်ထိုင်လိုက်တော့ ဆေးရုံအုပ်ကြီးကလည်း နေရာမှထလာပြီး ဧည့်တွေ့ဆိုဖာခုံမှာလာထိုင်သည်။

"ခရီးကိစ္စ ဘာများပြောစရာရှိသေးလို့လဲ"

"သွားမယ့်နေရာက ဝေးလံခေါင်ဖျားတော့ အသေးစိတ်သေချာပြန်ဆွေးနွေးကြည့်ချင်လို့ပါ၊ အရင်ဆုံး လိုက်မယ့်လူအရေအတွက်က အတည်ဖြစ်သွားပြီလား"

"ဒေါက်တာနှစ်ယောက်နဲ့ nurseသုံးယောက် အတိအကျပါပဲ"

"ကြာမယ့်ရက်နဲ့ budget ကရော ပြောထားတဲ့အတိုင်းပဲလား"

"အဲ့ဒီနှစ်ခုကတော့ အတည်တကျမဖြစ်သေးပါဘူး၊ ရောက်သွားမယ့်ဒေသအပေါ်မူတည်ပြီးတော့ ရက်ကြာနိုင်သလို ရက်အပေါ်မူတည်ပြီးတော့လည်း budget ကသုံးရမှာဆိုတော့လေ"

Perfect Love [onging]Where stories live. Discover now