(Unicode)
"ဒါ..ဒါက ကလေးလေးလားဟင်"
Screen ပေါ်မှာပေါ်နေတဲ့ပုံရိပ်မဲမဲကို မျက်လုံးလေးဝိုင်းကြည့်ပြီး ကောင်လေးက Chanyeol အားမေးလာသည်။
"အင်း၊ ကိုယ်တို့ရဲ့ကလေးလေး"
သစ်သီးအရွယ်လောက်သာရှိသေးတဲ့ကလေးလေးကိုကြည့်ပြီး Chanyeol မှာအပြုံးတွေမရပ်တန့်နိုင်တော့ပါ။ကလေးလေးရဲ့အနေအထားကို ပုံစံမျိုးစုံတွေ့ရဖို့အတွက် ကောင်လေးရဲ့ဗိုက်နွေးနွေးပေါ်ကလက်အား နေရာမျိုးစုံရွှေ့ဖြစ်သည်။
"ဦး...."
"ပြောပါဗျာ"
"ဟို...ကလေးလေးက အသားမဲလည်း ကျွန်တော်ကချစ်မှာဆိုပေမယ့် အရမ်းများမဲနေသလားလို့နော်၊ ဦးရော ကလေးလေးက အသားမဲလည်းချစ်မှာမလားဟင်"
"ဟင်"
ကောင်လေးကို Chanyeol ဆတ်ခနဲကြည့်လိုက်မိတော့ ကောင်လေးရဲ့အကြည့်တွေက ဓာတ်မှန် screen ပေါ်မှာသာရှိနေပြီး မျက်နှာလေးကလည်းမအီမသာဖြစ်နေပါသည်။Chanyeol သိသွားခဲ့ပါပြီ။
"ဟဟား မဟုတ်တာ ကောင်လေးရာ၊ ဒီ screen ကအဖြူအမဲပဲပေါ်တာ၊ တခြားအရောင်မပေါ်ဘူး၊ နောက်ပြီး အခုမြင်နေရတာတစ်ခုလုံးက ကလေးလေးမဟုတ်ဘူး၊ ကလေးလေးက ဒီနားလေးမှာ"
Chanyeol လက်ညှိုးထိုးပြရာနေရာကို ကောင်လေးက ခေါင်းလေးပါကြွပြီးသေချာစူးစိုက်ကြည့်သည်။
"အာ...အဲ့ဖြူဖြူလေးလား၊ သေးသေးလေးနော်"
"ဒါပေါ့ အခုကတစ်လကျော်ကျော်ပဲရှိသေးတော့ စတော်ဘယ်ရီသီးလေးလောက်ပဲရှိဦးမှာ၊ နောက်မှ တဖြည်းဖြည်းကြီးထွားလာပြီး ကိုယ်လက်အင်္ဂါတွေပေါ်လာမှာဖြစ်သလို ကောင်လေးရဲ့ဗိုက်ကလေးကလည်းကြီးလာမှာလေ"
"ဪ....ဒါဆို ကလေးလေးကမမဲဘူးပေါ့နော်"
"ကောင်လေးရော ကိုယ်ရောအသားဖြူတာမို့ ကလေးလေးကလုံးဝမမဲနိုင်ပါဘူးဗျာ"
"ဟီးး ဟုတ်ကဲ့၊ သိပြီဗျ"
အခုမှသာ ကောင်လေးရဲ့မျက်နှာက တိမ်ကင်းစင်တဲ့ကောင်းကင်လိုဖြစ်သွားတော့သည်။
"ကလေးလေးရဲ့နှလုံးခုန်သံလည်းနားထောင်လို့ရတယ်၊ အခုတော့မဟုတ်ဘူး၊ ကိုယ်ဝန်နှစ်လကျော်ရင်နားထောင်ကြတာပေါ့"
YOU ARE READING
Perfect Love [onging]