Perfect Love-5

248 55 13
                                    

(Unicode)

အခုဆိုရင် Chanyeol တို့တွေ ပရဟိတအတွက်ရောက်နေကြသည်မှာ တစ်ပတ်တိတိရှိပြီဖြစ်သည်။တစ်ပတ်အတွင်း ရွာလေးရွာလုံးရှိနာမကျန်းဖြစ်သူတွေကိုကုသပေးရသည်မှာ သိပ်မများလှပါ။ရောဂါကြီးကြီးမားမားတွေလည်းမကုရဘဲ နေမကောင်းနှင့်ဒူးနာခါးနာတွေလောက်သာ ကုပေးရတာများသည်။နေမကောင်းလို့ဆေးခန်းလာပြကြတဲ့လူတွေဟာလည်း သာမာန်ခေါင်းမူးခေါင်းကိုက်လောက်သာ။ရွာလေးရွာလုံးရှိလူတွေက များသောအားဖြင့် ကျန်းမာရေးကောင်းပြီး သန်မာကြပါသည်။

အထွေထွေရောဂါအတွက် ကုသသူတွေများတာမို့ ဒေါက်တာ Hanwool ကသာ ဒေါက်တာ Chanyeol ထက်အလုပ်ပိုနေပြီး Chanyeol ကတော့ တစ်ပတ်အတွင်း အမျိုးသမီးနှစ်ယောက်ကိုသာ မီးဖွားပေးရပါသေးသည်။နောက်ပြီး အမျိုးသမီးရောဂါအတွက်လာပြကြသူတွေမရှိကြပါ။ဟောပြောပွဲနေ့တုန်းက Chanyeol သေချာလေးအသိတရားထည့်ပေးလိုက်ပြီမို့ တစ်ခုခုဆိုရင်တော့ရောက်လာကြမှာပါလေ။

:

နေ့လယ်စာစားချိန်ရောက်ပြီမို့ သူတို့အုပ်စု စားပွဲဝိုင်းတစ်ခုမှာဝိုင်းဖွဲ့ထိုင်ပြီး စားသောက်ရန်ပြင်လိုက်ကြသည်။အစားအသောက်အတွက်က ရွာသူရွာသားတွေကို အလုပ်မပိုစေဘဲ Chanyeol တို့တွေ ကိုယ့်ဘာသာကိုယ် အလှည့်ကျဝယ်ခြမ်းပြီး ချက်ပြုတ်ကြသည်။များသောအားဖြင့် nurseမလေးနှစ်ယောက်က ချက်ပြုတ်ပေးကြပါသည်။သို့သော်လည်း နေလယ်စာနှင့်ညစာစားချိန်တိုင်း ရွာသားတွေလာပေးထားတဲ့ဟင်းခွက်တွေက စားပွဲပေါ်မှာပြည့်လျှံနေစဲပင်။Chanyeol တို့လည်းစေတနာကောင်းသူတွေကြောင့် ပြောမနိုင်လို့လွှတ်ထားလိုက်တော့သည်။

"ဒီနေ့တော့ လူအတော်ရှင်းတယ်နော်"

မနက်ကတည်းက လူနာတစ်ယောက်မှရောက်လာခြင်းမရှိတာမို့ Hanwool ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ် ဒေါက်တာ၊ ရွာတိုင်းကလူတွေက ကျန်းမာရေးအတော်ကောင်းကြတယ်၊ အလုပ်အရမ်းလုပ်ကြလို့များ ကိုယ်လက်လှုပ်ရှားမှုတွေအားကောင်းပြီး ကျန်းမာနေကြတာလားမသိဘူးနော်၊ ကလေးတွေကအစပဲ"

Yunho ရဲ့စကားကို အကုန်လုံးခေါင်းတညိမ့်ညိမ့်လုပ်လိုက်ကြသည်။

Perfect Love [onging]Where stories live. Discover now