(Unicode)
"အကုန်လုံးက ကျန်းမာရေးကောင်းနေကြတယ် ဟူးး"
ကလေးအုပ်စုနှင့်ခဏဆော့ပေးပြီး Baekhyun အိမ်ပြန်ဖို့ပြင်တော့ နေ့လယ်တောင်ရောက်နေပြီဖြစ်သည်။
"ဒီအချိန်ဆို ဦးတို့ထမင်းစားနေမှာပဲ၊ ဆိုင်အမြန်ပြန်ပြီး ဟင်းသွားပို့ပေးရမယ်"
တစ်လှိမ့်ချင်းနင်းနေတဲ့စက်ဘီးခြေနင်းကို ပိုသွက်စေလိုက်ပြီး ဆိုင်သို့ဦးတည်ကာ Baekhyun အရှိန်တင်လိုက်တော့သည်။
ဆိုင်ထဲရောက်တော့ ဧည့်သည်အချို့ရှိနေပြီး ဖွားဖွားက လူကြီးတစ်ယောက်နှင့်စကားထိုင်ပြောနေသည်။ထိုလူကြီးက အရှေ့ပိုင်းရွာက ဆေးဆရာကြီးဖြစ်ပြီး တပည့်ဖြစ်သူလည်းပါပါသေးသည်။
"ဒေါ်ဒေါ်"
"ပြန်လာပြီလား Hyunee"
"ဟုတ်"
စွတ်ပြုတ်လုပ်နေတဲ့ ဒေါ်ဒေါ့်ရဲ့အနားမှာ Baekhyun သွားရပ်လိုက်ပြီး ဟင်းချိုဇွန်းကိုယူလိုက်ကာ
"ဘယ်နှပွဲလဲ"
"တစ်ပွဲတည်းပါ"
"သားလုပ်လိုက်မယ်၊ ဦးတို့အတွက်ပါလုပ်မလို့"
"ဒေါက်တာတို့လား၊ အခုအချိန်လောက်ဆို နေ့လယ်စာစားနေရောပေါ့"
"အင်းလေ၊ အဲ့ဒါကြောင့် မြန်မြန်လုပ်ပြီးသွားပို့မလို့"
ဒေါ်ဒေါ်က Baekhyun ရဲ့လက်ထဲက ဟင်းချိုဇွန်းကိုပြန်ယူပြီး အနောက်ကိုဆုတ်စေသည်။
"ကဲပါ အခုလေးတင်ဆော့ပြီးပြန်လာတော့မောမနေဘူးလား၊ ဒေါ်ဒေါ်ပဲလုပ်လိုက်မယ်၊ အမောပြေအောင်သွားထိုင်နေ"
"အဲ့ဒါဆိုလည်း ကောင်းကောင်းလေးနော်ဗျ"
"အေးပါဟယ်"
Baekhyun မီးဖိုဆောင်ထဲကနေပြန်ထွက်လာပြီးတော့ စကားပြောနေတဲ့ ဖွားဖွားရဲ့ဘေးနားမှာသွားထိုင်လိုက်သည်။
"Baekhyun ကိုတောင်မတွေ့ရတာကြာပြီနော်၊ အရင်လို အဖွားအတွက်ဆိုပြီး ခါးနာပျောက်ဆေးလာမယူတော့လို့လေ"
နှုတ်ခမ်းမွှေးတကားကားနှင့်လူကြီးကို Baekhyun မချိပြုံးပြုံးပြလိုက်ပြီး
YOU ARE READING
Perfect Love [onging]