(Unicode)
ခုတင်ပေါ်မှာ အေးချမ်းစွာမေ့မြောနေတဲ့ ကောင်လေးနှင့်ဆန့်ကျင်ဘက်ဆိုသလို Chanyeol ရဲ့ရင်ထဲမှာတော့ပူလောင်ပြင်းပြစွာ။
Chanyeol ကသားဖွားမီးယပ်ဆရာဝန်ဆိုပေမယ့် အဖျားအပိုင်းကိုလည်းကျွမ်းကျင်တာမို့ အိမ်မှာရှိတဲ့ ဆေးပစ္စည်းတွေဖြင့် ကောင်လေးကိုသေချာလေး ဆန်းသပ်ပြီးသွားပြီဖြစ်သည်။
အဖျားလည်းမရှိသလို သွေးအားလည်ပတ်မှုကလည်း ပုံမှန်ပဲဖြစ်သည်။ကောင်လေးကို အခုလို မေ့မြောသွားစေတဲ့အထိဖြစ်စေတာက ဘာကြောင့်လဲဆိုတာ Chanyeol ဆုံးဖြတ်မရသေးပါ။ကိုယ်ခံအားနည်းနေခြင်းကြောင့်လည်းမဟုတ်၊ ကောင်လေးက ဒီအတောအတွင်း Chanyeol ရဲ့ပရောဂကြောင့် အတော်လေးလုံးတစ်နေတာမလား။
ဘာကြောင့်မှန်းဆုံးဖြတ်မရတာကြောင့် မေ့မြောနေသူလေးသတိပြန်ရလာမယ့်အချိန်အထိ ခုတင်ဘေးမှာထိုင်ပြီး စောင့်မြဲအတိုင်းသာစောင့်နေမိပါသည်။
.............မြန်မြန်နိုးလာပါတော့ ကောင်လေးရယ်၊ ကောင်လေးရဲ့ဝေသနာတွေ သက်သာသွားအောင် ကိုယ်လုပ်ပေးချင်လို့ပါ...........
"Yeollie"
အစ်မက Chanyeol ရဲ့ပုခုံးတစ်ဖက်ကိုဆုပ်ကိုင်ပြီး ခုတင်ပေါ်က ကောင်လေးကိုကြည့်ကာ စိတ်မကောင်းဟန်သက်ပြင်းချသည်။
"အခုက Hyuneeနိုးလာတဲ့အထိ စောင့်နေမှာလား၊ နင့်သူငယ်ချင်း ဒေါက်တာ Hanwool ကိုဖုန်းဆက်ခေါ်လိုက်ရင်ရော၊ သူကကျငါတို့ထက်ပိုကျွမ်းမလားလို့လေ"
"ကျွန်တော်စစ်ဆေးကြည့်တာတော့ အင်း...ကျန်းမာရေးကအကုန်ပုံမှန်ပါပဲ၊ အဲ့ဒါကြောင့် အားဆေးတောင်မသွင်းပေးထားဘူး၊ တန်ဆေးလွန်ဘေးဖြစ်မှာစိုးလို့"
"ခန္ဓာကိုယ်အတွင်းက တစ်ခုခုဖြစ်နေတာဆိုရင်ရော၊ အဲ့ဒါကြောင့် နင့်သူငယ်ချင်းကိုပဲခေါ်လိုက်ပါလို့ဆို"
"အင်း..."
အစ်မပြောတာကိုလက်ခံပြီး Chanyeol ချက်ချင်းပဲ Hanwool ဆီဖုန်းဆက်လိုက်တော့သည်။
:
နားကြပ်ဖြင့်အထပ်ထပ်အခါခါစစ်ဆေးနေတဲ့ Hanwool ကိုတစ်လှည့် မေ့မြောနေသူလေးကိုတစ်လှည့်ကြည့်ပြီး Chanyeol သက်ပြင်းအခါခါချနေမိသည်။
YOU ARE READING
Perfect Love [onging]