Perfect Love-20

317 66 12
                                    

(Unicode)

ကောင်လေးကိုအိမ်ပြန်မပို့ဖြစ်သလို Chanyeol လည်းဆေးရုံပြန်မသွားဘဲ လောလောလတ်လတ်ရထားတဲ့ချစ်သူလေးနှင့်အတူ ဟန်မြစ်ဘေးရောက်နေပါသည်။

လတ်လတ်ဆတ်ဆတ်တိုက်ခတ်နေတဲ့လေညှင်းက ကားထဲကမထွက်ဘဲ ကားပြတင်းပေါက်မှန်ချထားရုံနဲ့တင် စိတ်ကိုကြည်လင်လန်းဆန်းစေသည်။

အဖြေပေးပြီးကတည်းက အခုအချိန်ထိ တစ်လျှောက်လုံးတိတ်ဆိတ်နေတဲ့ ဘေးနားကကောင်လေးကို Chanyeol ငဲ့ကြည့်လိုက်သည်။ကောင်လေးက ကားပြတင်းပေါက်ဘောင်ပေါ်လက်မောင်းတင်ပြီး ထိုလက်မောင်းပေါ်ခေါင်းလေးဘေးစောင်းတင်လို့ တွေးချင်ရာတွေးနေပုံပေါက်နေပါသည်။

ဟော....အသစ်စက်စက်ချစ်သူကိုဘေးနားထားပြီး ဒီလိုငြိမ်နေလို့တော့မဖြစ်ဘူးလေ။Chanyeol စိတ်လှုပ်ရှားပြီးရင်တွေခုန်နေသလိုမျိုး ကောင်လေးလည်း သေချာပေါက် ဖြစ်နေတာဖြစ်လိမ့်မည်။ရုတ်တရက်ကြီး အဖြေပြန်ပေးလာတဲ့ ကောင်လေးကြောင့် Chanyeol မှာနှလုံးခုန်ရပ်မတက်။ကလေးဆိုတဲ့အတိုင်း သူလေးစိတ်ထဲပြင်းပြနေတဲ့ဆန္ဒကို ချက်ချင်းဖွင့်ထုတ်လိုက်တာဖြစ်ပါလိမ့်မည်။ဘာပဲဖြစ်ဖြစ် Chanyeol ကတော့ အခုအချိန်မှာ တစ်လောကလုံးအပိုင်စားရထားသလို ပျော်နေမိတာအမှန်ပါ။

တရားဝင်ချစ်သူတွေဖြစ်သွားပြီဆိုတော့ ပိုပြီးချစ်ခင်ကြင်နာချင်တဲ့စိတ်ကြောင့် ကောင်လေးရဲ့ပုခုံးစွန်းကို Chanyeol အသာဖိဆုပ်ကိုင်လိုက်သည်။

"ကောင်လေး"

ခေါ်လိုက်တော့ ဆတ်ခနဲဆိုခေါင်းလေးထောင်လာတဲ့ကောင်လေးက Chanyeol ကိုမသိမသာလေးကြည့်ပြီးမှ ခေါင်းလေးငုံ့ထားသည်။

"နေရမခက်ပါနဲ့၊ ကိုယ်က ကောင်လေးသိထားပြီးသားလူပဲမို့ ဘာမှမပြောင်းလဲဘူး၊ ကိုယ်ပြောင်းလဲမှာဆိုလို့ ကောင်လေးအပေါ် တစ်နေ့ထက်တစ်နေ့အချစ်တွေတိုးလာတာပဲရှိမှာ"

"................"

ထိုအခါ ပိုငုံ့သွားတဲ့ခေါင်းလေးကြောင့် Chanyeol အသည်းတယားယားဖြင့် ဆံပင်လေးတွေကိုဆွဲဖွလိုက်မိသည်။

"ဦး"

ခေါ်လာသံလေးက ခပ်တိုးတိုး။

"ပြောပါဗျာ"

Perfect Love [onging]Where stories live. Discover now