(Unicode)
ခုတင်ပေါ်မှာ အသံသဲ့သဲ့လေးတွေဖြင့် ရုန်းကန်လှုပ်ရှားရင်း ကစားနေတဲ့ သားသားကို Baekhyun ဘေးကနေပြုံးပြုံးကြီးထိုင်ကြည့်နေသည်။သားသား အခုလို အရင်အတိုင်းပြန်ဖြစ်လာတာမြင်ရတော့ Baekhyun အပါအဝင် တစ်မိသားစုလုံးလည်းစိတ်ချမ်းသာရပါသည်။
အခုက မနက်ပိုင်းမို့ အလုပ်တွေကိုယ်စီရှိနေတာကြောင့် လူစုတက်စုံရှိမနေကြတာ။ညနေပိုင်းဆိုရင်တော့ ဆေးရုံခန်းထဲလူပြည့်လာပါဦးမည်။သားသားဆေးရုံကမဆင်းရမချင်းတော့ မိသားစုဝင်တွေလည်း ဆေးရုံနှင့်အိမ် သွားချည်ပြန်ချည်လုပ်နေကြရဦးပါမည်။
"အဲ့ အဲ့"
"ဖေဖေရှိတယ်နော် သားသား၊ ဖေကြီးက အလုပ်ရှိလို့ ခဏသွားတယ် သားသားရဲ့၊ နေ့လယ်လောက်ကျရင် ပြန်လာလိမ့်မယ်နော်"
"အဲ..."
"ဟော ဟုတ်တာပေါ့၊ ဖေကြီးကလာမှာပေါ့ သားသားရဲ့"
"အဲ...အဲ"
Baekhyun ကသားသားရဲ့လက်သီးဆုပ်လေးတစ်ဖက်ကိုကိုင်ရင်း စကားတွေပြောနေတော့ သားသားကလည်း သူ့ကိုမော့ကြည့်ပြီး စကားတွေပြန်ပြောနေရှာသည်။Baekhyun အသည်းယားလွန်းလို့ အပြုံးတွေမရပ်တန့်နိုင်သလို စကားပြောနေတာကိုလည်းမရပ်တန့်မိတော့ပါ။ချစ်ဖို့ကောင်းလိုက်တာ ဖေဖေ့သားသားရယ်။
"အော ဖေကြီးက သားသားလိုကလေးလေးတွေ မွေးပေးတာကွဲ့"
"အဲ..အဲ"
"ဟုတ်တာပေါ့၊ ချစ်စရာ ကလေးလေးတွေလေ"
"အဲ့..."
"ဒါပေါ့ သားသားကလည်းချစ်ဖို့ကောင်းမှကောင်း ချစ်ဖို့အရမ်းကောင်း"
သားသားနှင့်နှစ်ယောက်သား စကားကောင်းနေကြချိန်
ဒေါက်! ဒေါက်!
"ဟော ဘယ်သူများလဲ၊ သားသား ခဏနော်"
အခန်းတံခါးခေါက်သံကြောင့် Baekhyun သွားဖွင့်ပေးလိုက်တော့
"ဆရာ"
ဆရာက မုန့်ထုတ်တွေထောင်ပြပြီး Baekhyun ကိုပြုံးပြလာသည်။
"ကလေးက စားလို့မရမှန်းသိပေမယ့် ကိုယ်က လူကြီးတွေအတွက်ဝယ်လာခဲ့တာ"
YOU ARE READING
Perfect Love [onging]