Perfect Love-29

304 57 3
                                    

(Unicode)

မွေးဖွားရက်မတိုင်ခင် ၇ရက်လောက်အလိုကတည်းက Chanyeol ဟာသူ့ကလေးအဖေလေးကို LOEY hospital ရှိVVIPအခန်းမှာနေစေပြီး တစ်ရက်မပျက်စောင့်ကြည့်စစ်ဆေးမှုတွေပြုလုပ်ပါသည်။

ကလေးအခြေအနေနှင့်လူကြီးအခြေအနေဟာ စစ်ဆေးလိုက်တိုင်းကောင်းမွန်နေတာမို့ Chanyeol အပါအဝင် မိသားစုဝင်တွေရော ဆေးရုံရှိလူတွေအကုန်လုံးကပါ စိတ်ချမ်းသာနေကြသည်။သားဖွားမီးယပ်အထူးကု ဒေါက်တာ Park Chanyeol ရဲ့အမျိုးသားလေးက ကိုယ်ဝန်ဆောင်ပြီးကလေးမွေးမှာဆိုတော့လည်း အားလုံးရဲ့စိတ်ဝင်စားမှုကိုခံရတာ ဆန်းတော့မဆန်းပါပေ။သို့သော် လူတိုင်းက ကိုယ်ဝန်ဆောင်အမျိုးသားလေးအပေါ် ကောင်းသောစိတ်ဝင်စားမှုသာရှိကြပြီး မကောင်းတဲ့အတွေးမဝင်ရဲလောက်အောင်လည်း Park family ရဲ့အရှိန်အဝါဟာကြီးမားလွန်းပါသည်။

Baekhyun ရဲ့ကိုယ်ဝန်နှင့်ပတ်သတ်ပြီး လူတိုင်းသေချာမသိကြဘဲ သို့သောသို့လောဖြစ်နေတဲ့ ကိစ္စတစ်ခုကတော့ ကိုယ်ဝန်ဟာဖန်ပြွန်သန္ဓေသားနည်းလမ်းဖြင့်ယူခြင်းလား သားအိမ်ပါလာ၍ကိုယ်ဆောင်ခြင်းလား ဟူ၍ပဲဖြစ်သည်။တစ်ချို့ကျတော့ ငယ်ရွယ်သေးတဲ့ Baekhyun အနေဖြင့် ကိုယ်ဝန်မယူသင့်သေးကြောင်း ဂရုဏာသပ်စွာပြောကြသလို တစ်ချို့ကျတော့လည်း ဒေါက်တာ Park ဟာအရွယ်တစ်ခုရောက်နေပြီမို့ ကလေးယူတာမှန်ကြောင်းလည်းထောက်ခံနေကြပါသေးသည်။

ဘယ်သူတွေဘယ်လိုပဲပြောနေကြပါစေ Park Baekhyun လေးရဲ့ကိုယ်ဝန်ဟာ လစေ့နေပြီဖြစ်ပြီး မကြာခင် လူ့လောကထဲကို ကလေးလေးရောက်လာတော့မှာလည်း အမှန်ပဲဖြစ်ပါသည်။

:

Round လှည့်ပြီးသွားတာနဲ့ ကလေးအဖေလေးရှိနေတဲ့အခန်းကို Chanyeol ရဲ့ခြေလှမ်းတွေဦးတည်လိုက်တော့သည်။

VVIP room တွေဟာတိတ်ဆိတ်တဲ့နေရာမှာရှိပြီး အခန်းတစ်ခန်းဆီကလည်း သာမာန်လူနေအိမ်တစ်လုံးနီးပါးကျယ်ဝန်းပါသည်။

ဒေါက်! ဒေါက်! ဒေါက်!

အခန်းနံပါတ် ၁၁ ရှေ့ကိုရောက်တာနဲ့ တံခါးသုံးချက်ခေါက်ကာအသိပေးလိုက်ပြီးနောက် Chanyeol အခန်းထဲကိုဝင်လိုက်သည်။

Perfect Love [onging]Where stories live. Discover now