(Unicode)
အနက်ရောင်မော်ဒယ်မြင့်ကားလေးတစ်စီးဟာ ကျေင်းသူကျောင်းသားတွေ ခြေချင်းလိမ်သွားလာနေကြတဲ့ ကျောင်းဝင်းအတွင်းသို့ သေသေသပ်သပ်မောင်းဝင်သွားပြီး ကားကိုစနစ်တကျပါကင်ထိုးလိုက်ပါသည်။
Chanyeol ကားပေါ်မှအရင်ဆင်းလိုက်ပြီးနောက် တစ်ဖက်ကကောင်လေးရဲ့ကားတံခါးကိုဖွင့်ပေးပြီး ကားပေါ်မှဆင်းစေလိုက်သည်။
ရှပ်လက်ရှည်အဖြူပေါ်မှာ မီးခိုးရောင်ကုတ်ထပ်ဝတ်ထားပြီး မီးခိုရောင်စတိုင်ပန်ဘောင်းဘီရှည်နှင့်တွဲဝတ်ထားတဲ့ ကောင်လေးရဲ့အထက်တန်းကျောင်းသားပုံစံဟာ Chanyeol အတွက်တော့ အကြည့်လွှဲနိုင်စရာကိုမရှိပါ။ပျိုမျစ်နူးညံ့မှုအပေါင်း သူရဖူဆောင်းနေတဲ့ကောင်လေးကြောင့် Chanyeol မှာစိတ်မချတောင်ဖြစ်ချင်လာရသည်။
Chanyeol လည်းကောင်လေးနှင့်လိုက်ဖက်အောင် ရှပ်အဖြူနှင့်မီးခိုးရောင်စတိုင်ပန်ဝတ်လာတာမို့ ကျောင်းဆရာပုံစံများပေါက်နေလေမလား။ဘာပဲဖြစ်ဖြစ် ဆင်တူဖြစ်နေရင်အဆင်ပြေပါပြီ။
"သွားကြမယ်၊ အာ...နေဦး ကောင်လေး"
"ဗျာ......"
ရုတ်တရက် Chanyeol ထိုင်ချလိုက်တော့ ကောင်လေးရဲ့ခြေလှမ်းတွေတုန့်ခနဲရပ်သွားသည်။
"ဦး ဘာလုပ်...ဟာ ဦး မလုပ်နဲ့လေ"
"ငြိမ်ငြိမ်နေ၊ ပြီးတော့မယ်"
ပြေလျော့နေတဲ့ ဘွတ်ဖိနပ်အဖြူလေးရဲ့ကြိုးစကို ချည်နှောင်ပေးပြီးမှသာ Chanyeol မတ်တပ်ပြန်ရပ်လိုက်ပြီး
"ကဲ သွားကြမယ်"
သွားမယ်ပြင်တော့ ကောင်လေးဟာ Chanyeol ရဲ့လက်ကောက်ဝတ်တစ်ဖက်ကိုလှမ်းဆွဲလာသည်။
"ဘာဖြစ်လို့လဲ ကောင်လေး"
"ဦးရဲ့လက်တွေပေကုန်ပြီပေါ့"
Chanyeol ရဲ့လက်ချောင်းတွေကို သူ့ကုတ်အင်္ကျီဖြင့်ပွတ်သုတ်နေတဲ့ ကောင်လေးကြောင့် အံ့ဩရသလို စိတ်ထဲလည်းကြည်နူးရသည်။ဒီကောင်လေးရဲ့စိတ်ထဲမှာ Chanyeol ကိုဆိုလျှင် မြင့်မြတ်မှုအပေါင်းသရဖူဆောင်းထားတာကို ကောင်းကောင်းကြီးသိပါသည်။
YOU ARE READING
Perfect Love [onging]