Perfect Love-8

267 55 15
                                    

(Unicode)

တစ်ပတ်အကြာမှာတော့ Baekhyun နေမကောင်းတာအရှင်းပျောက်သွားပြီး ပုံမှန်အတိုင်းထူထူထောင်ထောင်ပြန်ဖြစ်သွားပြီဖြစ်သည်။

နေမကောင်းဖြစ်ရခြင်းရဲ့ အကျိုးဆက်အနေနဲ့ကတော့ အရင်လိုစိတ်ရှိတိုင်း ကလေးတွေနှင့်ထွက်ဆော့လို့မရတော့သလို နေပူထဲလည်းအမြဲတစေလျှောက်သွားလို့မရတော့ပါ။Baekhyun မွေးလာကတည်းက သတိမေ့တဲ့အထိနေမကောင်းဖြစ်တာဟာ အခုတစ်ခေါက်သာရှိသေးတာမို့ ဖွားဖွားရော ဒေါ်ဒေါ်ရော အရမ်းလန့်သွားကြပြီး မျက်စိဒေါက်ထောက်ဖြစ်နေကြပါသည်။ထို့ကြောင့် Baekhyun ဆိုင်မှာသာခြေချုပ်မိနေသည်။

ဦးတို့ဆီလည်းမရောက်ဖြစ်တာတစ်ပတ်လောက်ရှိပြီဖြစ်သလို ဦးကိုမတွေ့ရတာလည်း နေမကောင်းစဖြစ်တဲ့နေ့ပြီးကတည်းကဖြစ်သည်။Baekhyun ရဲ့အခြေအနေကို ဒေါက်တာ Hanwool သာတစ်နေ့တစ်ခေါက်ပုံမှန်လာကြည့်ပေးပြီး ဦးတော့ပါမလာပါ။ဒေါက်တာ Hanwool ပြောတာတော့ ဦးက ကိစ္စတစ်ခုအလုပ်ရှုပ်နေလို့တဲ့လေ။ဘာကိစ္စများပါလိမ့်၊ ဦး အဆင်ရောပြေနေရဲ့လား။

"မနက်ဖြန် Hyuneeမွေးနေ့ပဲ၊ ဘာလုပ်ချင်လဲ Hyunee"

စားပွဲခုံကိုအဝတ်ဖြင့်သုတ်နေရာမှ Baekhyun ဒေါ်ဒေါ့်ကိုလှမ်းကြည့်ဖြစ်သည်။ဟုတ်တာပဲ၊ မနက်ဖြန် Baekhyun ရဲ့၁၆နှစ်ပြည့်မွေးနေ့။

"ဟုတ်တာပဲ၊ ကြည့်စမ်း အဖွားမေ့တော့မလို၊ အဖွားမြေးလေးဘာလုပ်ချင်လဲပြော"

"ဘာမှ ထွေထွေထူးထူးမလုပ်ချင်ပါဘူး ဖွားဖွားရဲ့၊ အရင်လိုပဲ သူငယ်ချင်းတွေနဲ့ကလေးတွေကိုအမဲစွတ်ပြုတ်တိုက်မယ်လေ"

"အင်းအင်း မြေးလေးသဘော"

Baekhyun ရဲ့မွေးနေ့တိုင်းရုပ်ရှင်တွေထဲကလို ကိတ်မုန့်ကြီးတွေတော့မခွဲဖြစ်ပါ။ရွာမှာကိတ်မုန့်ရောင်းတဲ့ဆိုင်မရှိသလို မြို့မှာသွားဝယ်ဖို့ကျပြန်တော့လည်း နေ့ချင်းပြန်ခရီးမဟုတ်တာကြောင့်မဖြစ်နိုင်ဘူးလေ။ထို့ကြောင့် ရိုးရိုးရှင်းရှင်းသာလုပ်ဖြစ်သည်။ဖွားဖွားတို့က Baekhyun ရဲ့မွေးနေ့ကိုတစ်နှစ်မှမပျက်ကွက်ဘဲလုပ်ပေးပါသည်။

လက်ထဲကအဝတ်စုတ်ကိုနေရာတကျပြန်ထားလိုက်ပြီးနောက် Baekhyun ဖွားဖွားအနားကိုသွားပြီးပြုံးပြလိုက်သည်။

Perfect Love [onging]Where stories live. Discover now