(Unicode)
အနက်ရောင်မော်ဒယ်မြင့်ကားလေးဟာ ကျောင်းဝန်းရှေ့မနီးမဝေးမှာရပ်သွားခဲ့သည်။
Chanyeol ကားပေါ်ကအရင်ဆင်းလိုက်ပြီးတော့မှ ကောင်လေးဘက်ခြမ်းကိုသွားပြီး ကားတံခါးဖွင့်ပေးကာဆင်းစေလိုက်ပါသည်။
အနည်းငယ်စောင်းနေတဲ့ ကောင်လေးရဲ့လည်ပင်းမှနက်ကတိုင်ကို Chanyeol သေချာလေးပြင်ပေးလိုက်တော့ ကောင်လေးကပြုံးတုံ့တုံ့ဖြင့်မော့ကြည့်နေသည်။
"ရပြီ ကျောင်းထဲဝင်တော့ ကောင်လေး၊ ဒီနေ့လည်းစာကောင်းကောင်းသင်ယူနိုင်ပါစေနော်"
"ဟုတ်ကဲ့၊ ဦးလည်းကောင်းကောင်းသွားပါဗျ၊ အလုပ်မှာလည်းအဆင်ပြေပါစေ"
"ဟုတ်ပါပြီဗျာ"
ကောင်လေးရဲ့ပါးမို့မို့လေးတစ်ဖက်အား Chanyeol လက်ဖဝါးဖြင့်အသာအုပ်ကိုင်လိုက်တော့ ပါးပြင်ဖွေးဖွေးဟာ ချက်ချင်းဆိုသလိုရဲစွေးသွားသည်။
"အဟွန်း! ကောင်လေး အရင်ဝင်၊ ကောင်လေးကျောင်းထဲဝင်တာကြည့်ပြီးတော့မှ ကိုယ်သွားမယ်"
"အဲ့..အဲ့ဒါဆိုလည်း ဝင်တော့မယ်နော်ဗျ"
"တာ့တာ ကောင်လေး၊ ညနေပြန်တွေ့မယ်"
"အာ...ဟုတ် တာ့တာ ဦး"
လက်ကလေးဝေ့ရမ်းပြကာဖြင့် ကျောင်းဝင်းထဲခပ်သွက်သွက်လေးဝင်သွားတဲ့ ကောင်လေးကို မျက်စိတစ်ဆုံးကြည့်ပြီးမှသာ Chanyeol လည်းကားပေါ်ပြန်တက်ပြီးအလုပ်သွားဖို့ပြင်လိုက်တော့သည်။
:
"ကန်တင်းက အစားအသောက်တွေဆိုတော့ စားမကောင်းလောက်ဘူးထင်ပြီး အိမ်ကနေထမင်းချိုင့်ထည့်ဖို့တောင်ပြင်နေတာ၊ ဒါပေမယ့် မနေ့ကနေ့လယ်စာက အတော်လေးစားကောင်းတယ်နော်"
"ဟုတ်တယ်"
ယူဘင်း ရဲ့စကားကို Baekhyun လက်မလေးထောင်ကာဖြင့်ထောက်ခံလိုက်သည်။ရွာမှာကျောင်းတက်တုန်းက အိမ်ကဖွားဖွားလက်ရာကို ထမင်းချိုင့်ထည့်သွားရတာမို့ အစားအသောက်အဆင်ပြေပေမယ့် မြို့ကျောင်းရောက်ရင်အဆင်မပြေမှာကိုစိုးရိမ်ပေမယ့်လည်း အဆင်ပြေလို့တော်ပါသေးသည်။တကယ်လို့ အဆင်မပြေခဲ့ရင်တောင် Baekhyun ကအဆင်ပြေသလိုကြည့်စားလိုက်မှာပါ။ထမင်းချိုင့်ကြီးတကူးတကထည့်ပြီးတော့ ဦးတို့အိမ်ကို အလုပ်မရှုပ်စေချင်ပါဘူးလေ။
YOU ARE READING
Perfect Love [onging]