(Unicode)
ကိစ္စတွေအကုန်ဖြေရှင်းပြီးသွားတော့ ကျောင်းတော်ကြီးရှိ ကျောင်းသား၊ကျောင်းသူတွေအကုန်လုံး စည်းစည်းလုံးလုံးဖြင့်ကျောင်းတက်နေကြသည်မှာ တစ်ပတ်ခန့်ရှိသွားခဲ့ပြီဖြစ်သည်။
ကျောင်းတက်ရမှာကိုအရင်ကထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ကောင်လေးကြောင့် Chanyeol လည်းစိတ်ချမ်းသာရပါသည်။
"ကိုယ့်ကိုကြည့် ကောင်လေး"
ကျောင်းဝင်းရှေ့ရောက်ပြီဆိုပေမယ့်လည်း ကားပေါ်ကမဆင်းသေးဘဲ ကောင်လေးရဲ့မျက်နှာလေးကို မေးစေ့ကနေအသာကိုင်ပြီး Chanyeol သေချာကြည့်ရှုလိုက်သည်။
"အင်း၊ ဒဏ်ရာကအရှင်းပျောက်သွားပြီပဲ"
အခုမှသာ Chanyeol ရဲ့စိတ်ထဲ ရှင်းရှင်းလင်းလင်းအေးချမ်းရတာပါ။ကောင်လေးကို ဒဏ်ရာနှင့်တွေ့လိုက်ရချိန်ကတည်းကစပြီး တစ်လျှောက်လုံး Chanyeol ရဲ့ရင်ထဲအပူလုံးကြီးရှိနေတာဖြစ်သည်။
ကိစ္စတစ်ခုခုရှိလာရင် ဖြေရှင်းနေကြအတိုင်း ရန်ကိုရန်ချင်းမတုန့်ပြန်ဘဲ ကောင်လေးရဲ့ကိစ္စကို Chanyeol ဖြေရှင်းပြီးပေမယ့်လည်း နှုတ်ခမ်းပါးပေါ်ကဒဏ်ရာကိုတွေ့တိုင်း ရင်ထဲတနုံ့နုံ့ဖြစ်နေရစဲပင်။တော်သေးတာပေါ့၊ အခုတော့ ကောင်လေးရဲ့ ဒဏ်ရာအရှင်းပျောက်သွားပြီမို့။
"ကောင်လေးမှာကိစ္စတစ်ခုခုရှိလာတိုင်း ကိုယ့်ကိုချက်ချင်းအသိပေးနော်၊ ကောင်လေး လျှို့ဝှက်ထားချင်တဲ့ကိစ္စတွေကလွဲလို့ပေါ့၊ ဟုတ်ပြီလား"
"ဟုတ်၊ သိပါပြီ ဦး"
ဒါနဲ့ဆို Chanyeol ဒီစကားပြောတာ လက်ငါးချောင်းပြည့်နေပြီဆိုပေမယ့်လည်း ကောင်လေးကတော့ အကြိမ်တိုင်း နာနာခံခံဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်နေတုန်းပင်။
ခေါင်းလုံးလုံးလေးကိုအသာအုပ်ကိုင်လိုက်ပြီးတော့မှ လက်ပြန်ရုတ်ကြီး Chanyeol ကားပေါ်ကအရင်ဆင်းလိုက်သည်။ထို့နောက် ကောင်လေးဘက်ကကားတံခါးကိုသွားဖွင့်ပေးပြီး ကောင်လေးကိုလည်းဆင်းစေလိုက်ပါသည်။
"ဒါဆို ကျောင်းထဲဝင်တော့နော်၊ ကိုယ်သွားတော့မယ်၊ ဒီနေ့လည်း စာကောင်းကောင်းလိုက်သင်နိုင်ပါစေဗျာ"
YOU ARE READING
Perfect Love [onging]