Perfect Love-28

295 55 3
                                    

(Zawgyi)

အချိန်အားဖြင့် ခြောက်လလောက်ကုန်ဆုံးသွားပြီဖြစ်ပြီး Baekhyun ရဲ့ဗိုက်လေးဟာလည်း အတော်ပူနေလေပြီ။ကိုယ်ဝန်ကလရင့်လာလေ Chanyeol ရဲ့သူ့ကောင်လေးအပေါ်ဂရုစိုက်မှုတွေကလည်း ပိုပိုတိုးလာလေဖြစ်သည်။

ကိုယ်ဝန်လရင့်လာတော့ Baekhyun ထိုင်ရထိုင်ရသိပ်အဆင်မပြေတော့တာမို့ ကျောင်းစာသင်တာကိုနားထားလိုက်ပြီဖြစ်သည်။အခုဆိုရင် Baekhyun ဗိုက်ပူလေးက အိမ်မှာပဲ ကျန်းကျန်းမာမာဖြင့် ကိုယ်ဝန်ကိုအထူးဂရုစိုက်ပြီးနေပါသည်။

Baekhyun ရဲ့ကျန်းမာရေးအတွက် Chanyeol ကတစ်ချက်မှလစ်ဟင်းမှုမရှိသလို Baekhyun ကိုယ်တိုင်ကလည်း သူ့ကိုယ်သူအရမ်းဂရုစိုက်သည်။သူတို့နှစ်ယောက်တင်မကဘဲ Park အိမ်မှာရှိတဲ့အိမ်သားတွေကလည်း ထုံးစံအတိုင်း Baekhyun ကိုဆိုသဲသဲလှုပ်ဖြစ်သည်။Baekhyun ရဲ့အဒေါ်ဖြစ်သူတောင် အဖွားမပါဘဲ Baekhyun ဆီကိုတစ်လတစ်ခါလာလည်နေကြပင်။အဖွားကိုတော့ ကျန်းမာရေးကြောင့် ခရီးအသွားအလာသိပ်မလုပ်ခိုင်းပါ။

မွေးဖွားချိန်ရောက်ရင် Baekhyun ပိုပြီးအားရှိဖို့အတွက် Baekhyun ရဲ့မိသားစုဝင်တွေကို မွေးခါနီးတစ်လအလိုလောက်မှာ ကြိုပြီးအနားခေါ်ထားဖို့ Chanyeol ကစဉ်းစားထားပြီးသားဖြစ်သည်။

Baekhyun ရဲ့စိတ်ကျန်းမာရေးကအစ ကိုယ်ကျန်းမာရေးအဆုံး အစစအရာရာအကုန်အဆင်ပြေတာမို့ ကလေးလေးလူ့လောကထဲ ကောင်းကောင်းမွန်မွန်ရောက်ရှိလာဖို့သာကျန်ပါတော့သည်။

"ကောင်လေး"

"ဗျာ"

Chanyeol ခေါ်လိုက်တာနဲ့ တစ်ဖက်ကပြန်ထူးသံလေးချက်ချင်းထွက်လာသည်။

"နေ့လယ်စာ ဘာစားချင်တုန်း"

ခုတင်ပေါ်မှာထိုင်ပြီး အဝတ်ဝတ်နေတဲ့ ကောင်လေးရဲ့အနား Chanyeol သွားလိုက်သည်။မွှေးကြိုင်သန့်ရှင်းနေတဲ့ ကလေးအဖေလေးကို ခုနကလေးတင် ရေနွေးနွေးလေးစပ်ပြီး Chanyeol ရေချိုးပေးထားတာပါ။

"ကိုယ်တပ်ပေးမယ်"

"ဦးရော ဘာစားချင်လဲ"

Chanyeol ကြမ်းပြင်မှာဒူးထောက်ချပြီး ရှပ်အင်္ကျီအဖြူရဲ့ကြယ်သီးအား သေချာတပ်ပေးလိုက်သည်။Chanyeol ရဲ့အင်္ကျီအကြီးကြီးထဲမှာမြုပ်နေတဲ့ ဗိုက်ပူလေးက အသည်းယားပြီးချစ်စဖွယ်။

Perfect Love [onging]Where stories live. Discover now