(Unicode)
"သက်သာရဲ့လား ကောင်လေး"
မေးလိုက်တဲ့ Chanyeol ရဲ့အသံဟာ တည်ငြိမ်နွေးထွေးလွန်းစွာ။
စောင်ကိုလည်ပင်းထိလုံအောင်ခြုံထားတဲ့ ကောင်လေးက မျက်နှာကိုတော့ Chanyeol ရဲ့ဆန့်ကျင်ဘက်ကို ခေါင်းစောင်းပြီးလှည့်ထားပါသည်။
Chanyeol ပင့်သက်ရှိုက်လိုက်မိပြီးမှ
"ကိုယ်...ကိုယ်တောင်းပန်ပါတယ်"
".................."
"ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် ဥပေက္ခာတော့မပြုပါနဲ့၊ ကိုယ် ကောင်လေးကျေနပ်တဲ့အထိ တောင်းပန်မယ်လေ"
အခုဖြစ်သွားတဲ့ကိစ္စတွေမှာ ဘယ်သူမှားပြီးဘယ်သူမှန်တယ်ဆိုတာက Chanyeol အတွက်အရေးမကြီးပါ။အခုအချိန်မှာ အရေးကြီးဆုံးက ကောင်လေးရဲ့နှုတ်ကနေ Chanyeol အတွက်ရည်ရွယ်တဲ့စကားလေးတစ်ခွန်းထွက်လာဖို့ပါပဲ။
"ကောင်လေး"
စောင်ဖုံးထားတဲ့ပုခုံးလေးကို ဖွဖွကိုင်လိုက်တော့ ကောင်လေးရဲ့ခန္ဓာကိုယ်လေးတွန့်သွားတာမို့ Chanyeol လက်ပြန်ရုတ်လိုက်ရသည်။
"ကောင်လေးသိအောင် ကိုယ့်မှာဝန်ခံစရာတွေရှိသေးတယ်"
"................."
"သေချာနားထောင်နော်၊ ကိုယ် ကောင်လေးကို ချစ်တယ်"
ဆတ်ခနဲဆိုလှည့်ကြည့်လာတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေထဲကို Chanyeol ဆွေးဆွေးမြေ့မြေ့စိုက်ကြည့်လိုက်ပြီး
"ချစ်တယ် ဆိုတာက ဘဝတစ်လျှောက်လုံး ကောင်လေးရဲ့လက်ကိုတွဲပြီး ဘဝနေဝင်ချိန်တွေအထိ အတူတူရှိသွားချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ"
"................."
"ကိုယ် ကောင်လေးကို လက်ထပ်ယူချင်တဲ့အထိ မြတ်မြတ်နိုးနိုးနဲ့ချစ်တာပါ၊ ကိုယ့်ရဲ့ဒီစကားတွေက အခုလို ကိစ္စတွေဖြစ်သွားမှ ကတိုက်ကရိုက်ပြောနေတာမဟုတ်ပါဘူး၊ ကောင်လေးအပေါ် အရင်ကတည်းကထားရှိတဲ့ ကိုယ့်ရဲ့စိတ်ရင်းအမှန်ပါ၊ ကောင်လေးအပေါ် မဖြစ်သင့်မှန်းသိပေမယ့်လည်း ကိုယ်ချစ်မိသွားခဲ့ပါတယ်၊ ကိုယ့်စကားကို ယုံကြည်ပေးမယ်မလားဟင်"
YOU ARE READING
Perfect Love [onging]