Perfect Love-30

277 49 2
                                    

(Unicode)

"အဲ..အဟင့်"

Baekhyun အိပ်နေရင်း နားထဲ ကလေးငိုသံလိုကြားလိုက်ရတာမို့ ဆတ်ခနဲနိုးသွားခဲ့သည်။

လှဲနေရာမှအသာထရင်း ဘေးနားမှာအိပ်နေသူကိုကြည့်လိုက်တော့ အတော်လေးအိပ်မောကျနေပုံရပါသည်။ဦးလည်း တစ်နေကုန် ဆေးရုံအလုပ်တွေရော အိမ်ပြန်ရောက်ရင် သားရဲ့အလုပ်တွေပါဝိုင်းလုပ်ပေးတာမို့ အတော်လေးပင်ပန်းရှာမှာပင်။ညကိုတော့ ကောင်း​ကောင်းအိပ်စက်စေချင်တာမို့ ဦးမနိုးအောင် သားလေးရဲ့ဝေရာဝစ္စတွေကို Baekhyun တိုးတိုးတိတ်တိတ်လုပ်ရပါမည်။

"အဲ..အဲ.."

သားလေးက အသံသဲ့သဲ့လေးတွေသာထွက်နေတာဖြစ်သည်။ငိုနေတာမျိုးမဟုတ်ဘဲ ရှူးပေါက်ချပြီးအိပ်ရာနိုးသွားတာဖြစ်လိမ့်မည်။

"အင်းအင်း ဖေဖေ လာပြီနော်.."

Baekhyun အသံတိုးတိုးဖြင့်ရေရွတ်ပြီး ခုတင်ပေါ်မှဆင်းကာ ခြေလှမ်းဖွဖွဖြင့်သားလေးရဲ့ပုခတ်အနားသွားလိုက်သည်။ထို့နောက် ညမီးအိမ်လေးသာဖွင့်လိုက်သည်။

ပုခတ်ထဲကသားလေးရဲ့ မျက်လုံးဝိုင်းလေးတွေပြူးကျယ်နေပြီး ခြေတံလက်တံတုတ်တုတ်လေးတွေဟာလည်း မိုးပေါ်ထောင်ကာ လှုပ်ရမ်းနေသည်။ဖြူဖြူတုတ်တုတ်ဖြင့် ချစ်စရာသားလေးကိုကြည့်ပြီး Baekhyun ပြုံးလိုက်မိသည်မှာနှစ်နှစ်ခြိုက်ခြိုက်။

"ဖေဖေ့သားလေး သေးပေါက်ချတာမလား၊ ဖေဖေသေးဝတ်လဲပေးမယ်နော်"

လုံးတစ်လေးရဲ့ဖင်အောက်ကို Baekhyun စမ်းကြည့်လိုက်တော့ သေးစိုနေတာမျိုးမရှိပါ။သေးခံကအတော်လေးလုံခြုံသည်။

"အဲ့.."

"ကျွတ် ကျွတ်"

ပါးစပ်ကတကျွတ်ကျွတ်လုပ်ရင်း သားလေးရဲ့သေးခံကို Baekhyun ချွတ်ပြီး အသစ်တစ်ခုဖြင့်လဲဝတ်ပေးလိုက်သည်။ဆေးရုံကဆင်းလာပြီးတစ်လအတွင်းမှာ သားလေးနှင့်ပတ်သတ်သမျှ ကိစ္စအဝဝကို Baekhyun အတော်လေးကျွမ်းကျင်နေပြီဖြစ်ပါသည်။ချီတာအစ အညစ်အကြေးရှင်းပေးတာအဆုံး။သားလေးကို ကိုယ့်လက်ကိုယ့်ခြေဖြင့်သာပြုစုယုယချင်တာမို့ အစစအရာရာကို Baekhyun စိတ်ပါလက်ပါဖြင့်သင်ကြားထားပါသည်။

Perfect Love [onging]Waar verhalen tot leven komen. Ontdek het nu