(Unicode)
"လီဝူဂျင်း!"
"ဟော နောက်ဆုံးတော့ မင်းကိုယ့်ဆီရောက်လာပြီပေါ့"
ရှီဝမ် အခန်းတံခါးဖွင့်ကာ ဝုန်းဒိုင်းကျဲဝင်သွားပြီး ဆိုဖာခုံပေါ်မှာထိုင်နေတဲ့ ဝူဂျင်း ရဲ့အနားသွားလိုက်သည်။
"ဒါဘာလဲ! မင်း ဒါဘာလုပ်လိုက်တာလဲ!!"
ရှီဝမ် ကဖုန်းကိုထောင်ပြကာ အလောတကြီးမေးနေပေမယ့် ဝူဂျင်း ရဲ့အာရုံတွေကတော့ နံရံဆီကတီဗွီမှာသာရှိနေပြီး ခပ်ပြုံးပြုံးနှင့်ပင်။
"ငါမေးနေတယ်လေ! မင်း ဒါဘာလုပ်လိုက်တာလဲလို့! ရူးနေတာလား ဟမ်! မင်း ရူးသွားပြီလား!"
".............."
"လီဝူဂျင်း! ငါမေးတာကို မင်းဖြေစမ်း!"
ဒုန်း!
ဝူဂျင်း ရဲ့လက်ထဲကရီမုကို ရှီဝမ် ဆွဲယူကာလွှင့်ပစ်လိုက်တော့ ဝူဂျင်း ရဲ့အာရုံက သူ့ဆီအပြည့်အဝရောက်လာသည်။
"ဟာကွာ၊ ဘာလို့ နာမည်အပြည့်အစုံခေါ်နေတာလဲ အချစ်ရဲ့၊ ဖြည်းဖြည်းပြောလည်းရပါတယ်"
"အခုကိစ္စက ဖြည်းဖြည်းပြောရမှာလား! ဒါက ဖြည်းဖြည်းပြောရမှာလား! ဟမ်!"
"အာ..."
ရှီဝမ် က ဝူဂျင်း ရဲ့လည်ပင်းမှ အင်္ကျီစကိုဆွဲပြီး ထိုင်နေရာမှထစေလိုက်သည်။ထိုအခါ ဝူဂျင်း ကမထချင်ထချင်ဖြင့်ထပြီး ရှီဝမ့် အားငုံကြည့်လိုက်သည်။
"မင်းရူးနေလား! ဘာကိစ္စ ဒီလိုတွေ..ဒီလိုတွေ လျှောက်တင်ရတာလဲ၊ ငါအခုဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲလို့!"
ဝူဂျင်း ရဲ့ကိုယ်လုံးကိုဆွဲကိုင်လှုပ်ရမ်းရင်း ရှီဝမ် ဟာဆောက်တည်ရာမရတဲ့ပုံစံဖြစ်နေသည်။
"ဟက်! မင်းက သူ့ကိုအဲ့လောက်တောင်ဖြစ်နေတယ်ပေါ့၊ အခုလို သူထိခိုက်ရတော့ ဆောက်တည်ရာတွေမရတော့ဘူးပေါ့ ဟက်ဟက်!"
"ဘာ..."
"အခု မင်းက အဲ့လူကို ငါ့ရှေ့မှာစောက်ရမ်းတွေလာချစ်ပြနေတာလား၊ အဲ့လူကိုလေ! အဲ့ဒီ အိမ်ထောင်သည်ယောက်ျားတစ်ယောက်ကိုလေ!"
YOU ARE READING
Perfect Love [onging]