Perfect Love-31

256 47 5
                                    

(Unicode)

ယနေ့ Park Family အိမ်၌ လူစုံနေကြသည်။Park Family ၏တစ်ဦးတည်းသောမြေးဦးလေးဖြစ်တဲ့ Park Chanbaek လေးရဲ့ရက်(၁၀၀)ပြည့်မွေးနေ့ဖြစ်တာမို့ မိတ်ကောင်းဆွေမွန်တွေဖြင့် သိုက်သိုက်ဝန်းဝန်းရှိနေပါသည်။

ဒီနေ့ရဲ့အဓိကလူဖြစ်တဲ့ Chanbaek လေးကတော့ ဘယ်သူချီချီ အော်ဟစ်ငိုယိုခြင်းမရှိဘဲ မျက်လုံးတောက်တောက်လေးတွေဖြင့် လူအများကြီးကိုသာစိတ်ဝင်တစားလိုက်ကြည့်နေပါသည်။သားဖြစ်သူက ဘယ်သူချီချီလိုက်သော်လည်း အဖေဖြစ်သူ Baekhyun ကတော့ သူ့သားလေးကို တစ်ယောက်ယောက်လာချီပြီဆိုတာနဲ့ အဲ့ဒီလူကိုသာမျက်စိဒေါက်ထောက်လိုက်ကြည့်နေတတ်သည်။သားဖြစ်သူ မျက်နှာတစ်ချက်မဲ့တာနဲ့ ပြန်ယူချီမယ့်သဘောမှာရှိပါ၏။

Chanbaek လေးကိုတော့ တွေ့သမျှလူတိုင်းက ချစ်စရာလေးဆိုတာကို ပါးစပ်ဖျားကမချကြတော့ပါ။အဖေနှစ်ယောက်ရုပ်ပေါင်းထားတဲ့ Chanbaek လေးကလည်းတကယ့်ကိုချစ်စရာပင်။အသားလေးတွေကအိစက်နူးညံ့နေပြီး ဖြူဖြူလုံးလုံး တစ်လုံးတစ်ခဲကြီးမို့ တွေ့သမျှလူတိုင်းချစ်ကြတာက ဆန်းတော့မဆန်းပါပေ။

"ဖွားမြေးလေးက ဖွားဆီလာပါဦး၊ အမေ ခဏခေါ်သွားလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ မေမေပတ်"

သားလေးကို မေမေပတ်ချီသွားတာမို့ Baekhyun စိတ်ချလက်ချထည့်ပေးလိုက်သည်။

"အေးအေးဆေးဆေးစားပါ ကောင်လေးရဲ့၊ သားလေးကဂျီမကျပါဘူး"

"ဟုတ်ကဲ့၊ ဦးရော စားလေ"

အစားအသောက်ဝိုင်းတွေက ငါးဝိုင်းလောက်ရှိပြီး ဝိုင်းတိုင်းကိုလည်း မိသားစုဝင်တိုင်းက ဧည့်ဝတ်ကျေပွန်စွာဧည့်ခံပေးနေကြပါသည်။

"Baekhyun"

အနားရောက်လာသူကို Baekhyun မော့ကြည့်လိုက်တော့ ယူဘင်း ဖြစ်နေသည်။

"ယူဘင်း"

"အဟမ်း! ငါလည်းပါတယ်"

"လီဆောင်း.."

လီဆောင်း ကဟုတ်တယ်ဆိုတဲ့ပုံစံဖြင့် Baekhyun ကိုပြုံးကာခေါင်းညိမ့်ပြသည်။

"ထိုင်ကြပါ လီဆောင်းနဲ့ယူဘင်း"

Chanyeol ပြောလိုက်တော့ Chanyeol တို့ဝိုင်းမှာပဲ Baekhyun ရဲ့သူငယ်ချင်းနှစ်ယောက်ကဝင်ထိုင်လိုက်ကြသည်။အချို့ လာနှုတ်ဆက်ပြီးပြန်သွားကြတဲ့ ဧည့်သည်တွေလည်းရှိပါသည်။

Perfect Love [onging]Where stories live. Discover now