14

6.4K 261 6
                                    

💌 Part - 14 💌
---------------

"သား"

အိမ်ပေါ်တက်ဖို့ခြေလှမ်းပြင်နေတုန်း မာမီ့ခေါ်သံကြောင့် ခြေလှမ်းတွေတုံ့သွားမိကာ မာမီ့ကိုလှည့်ကြည့်မိသည်။
မာမီသည် ခေတ်မီသောအပြင်အဆင်ဖြင့် အမြဲလိုနုဖတ်ကြွရွနေကာ တစ်ခါတစ်လေဆို saloonမှာသာ တစ်နေကုန်ရှိနေတတ်သည်။
ကိုကိုကတော့ ဒက်ဒီ့ကုမ္ပဏီမှာ လက်ထောက်CEOအဖြစ် နေရာယူထားပြီး ဒက်ဒီ့ရဲ့အားအင်တစ်ခုဖြစ်ကာ ဘယ်နေရာမှအသုံးမကျသူဟာ မင်းခစားရယ်သာ...

"ဒီကိုလာပါဦး"

မာမီ့ဖိတ်ခေါ်စကားကြောင့် အကြောင်းတစ်ခုခုရှိနေပြီမှန်းသိလိုက်ကာ မာမီ့ရှေ့အထိလျှောက်လာခဲ့တော့မှ ဧည့်ခန်းမှာအလုပ်လုပ်နေကြသည့် ဒက်ဒီနှင့်ကိုကို့ကို တွေ့လိုက်ရသည်။
ကိုကိုကသာ အလုပ်လုပ်နေရာမှ မေးဆတ်နှုတ်ဆက်ဖော်ရပေမယ့် ဒက်ဒီကတော့ သူ့ကိုလေထုအလွှာတစ်ခုလို မြင်ဖော်တောင်မရချေ။

"သား Never Landဆိုတဲ့ဆိုင်ကို သားနာမည်နဲ့ဝယ်ထားတယ်ဆို"

"ဆိုပါတော့"

"ဘယ်ကရတဲ့ငွေနဲ့လဲ"

"ဒီအတိုင်းလောင်းကစားလုပ်ကြတာပါ ကျွန်တော်ကလောင်းကြေးနိုင်လို့ အပိုင်ရသွားတာပါ ငွေနဲ့မဟုတ်ပါဘူး"

"ဟွန့်.. မပြောဘူးလား မင်းသာအလကားစိုးရိမ်နေတာ မင့်သားလား အဲ့လိုနေရာကို ဖြစ်ဖြစ်မြောက်မြောက်ဝယ်နိုင်မှာ"

ထုံးစံအတိုင်း ဒက်ဒီ့စကားက minusဘက်ကစ,လာ၍ မခံချင်စိတ်တွေထကြွနေပြီဖြစ်သည့် သူသည် ဒက်ဒီ့ကို တည့်တည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
မင်းခစားသည် ကိုယ်မှန်နေလျှင် ငြိမ်မခံတတ်သော လူစားမျိုးသာ...

"ဟုတ်တယ် ကျွန်တော်က သမားရိုးကျငွေနဲ့ ဘာကိုမှဝယ်လို့မရဘူး မဝယ်နိုင်ဘူး အဲ့ဒါကြောင့် မိဘဆီကလက်မဖြန့်ဘဲ ကိုယ့်ဘာသာ ကျူထိုး၊ ပြိုင်ကားမောင်း၊ လောင်းကစားပေါင်းစုံလုပ်ပြီး ငွေရှာတာ
အဓိကက ကျွန်တော်လုပ်ချင်တာလုပ်ရပြီး ရတဲ့ငွေနဲ့ထင်ရာလုပ်ဖို့ပဲ"

"တွေ့လား စကားပြောတာကိုက ဘယ်တော့မှအချိုးမပြေဘူး မင်းဘယ်တော့မှ ဒီအကျင့်ကိုပြင်မှာလဲ မင်းခစား"

မိုးမြေခစားWhere stories live. Discover now