34

6.3K 283 11
                                    

💌 Part - 34 💌
---------------

ဒီနေ့တော့ သူတို့သူငယ်ချင်းတွေအားလုံးစုပြီး အပျော်စီးမော်တော်တစ်ခုငှားကာ ပင်လယ်ထဲထွက်လာကြ၍ လူစုံနေ၏။
ပင်လယ်ထဲမှထိုးထွက်နေသော ကျောက်တောင်တွေသည် မှိုပွင့်လေးတွေနှင့်တူပြီး ပင်လယ်ရေမျက်နှာပြင်ထက်မှာ ထီးထီးကြီးရှိနေသည်။
ဖူးခက်ကမ်းခြေမှာ ဒီလိုကျောက်တောင်တွေ အများကြီးရှိသောကြောင့် ဒါတွေကိုပတ်ကြည့်ဖို့ သေချာထွက်လာခြင်းဖြစ်သည်။

မိုးမြေသည် ကလေးသေးသေးလေးတစ်ယောက်လို မော်တော်ဦးမှာထိုင်နေရင်း လက်ညှိုးလေးထိုးပြီး ရတနာ့ကိုဘာတွေပြောသလဲမသိ။
လေတိုးသံတွေကြောင့် မကြားရပေမယ့် သူမအပြုအမူလေးက ပျော်နေမှန်းသိသာပြီး ချောကလက်ရောင်လက်နေသော ဆံပင်တွေသည်လည်း လွင့်ခါနေ၏။

"မင်း တကယ်ကြီးချစ်သွားတာပဲ"

နေသွေးက ခပ်ငေါ့ငေါ့ပြောလာပေမယ့် ပြုံးနေမိသောကြောင့် သူ ခေါင်းတစ်ချက်ညိတ်ပြရင်း သူမဆီမှအကြည့်မလွှဲဖြစ်ခဲ့။
ကောင်မလေးတွေ ထည်လဲတွဲနေစဥ်က ရင်ခုန်ခဲ့ဖူးသည်။ နှုတ်ခမ်းတွေကိုနမ်းခဲ့ရစဥ်ကလည်း ပျော်မွေ့ယစ်မူးခဲ့မိပေမယ့် မိုးမြေကိုထိတွေ့ရသည့်ခံစားချက်ကတော့ ထူးဆန်းလွန်းသည်။

သူမကိုမြင်လိုက်တိုင်း ရင်ထဲငြိမ်းချမ်းသွားခဲ့ကာ ထိုခံစားချက်ဟာ ဘာနဲ့မှအစားထိုးမရဘဲ ဘဝအမောတွေကို ပြေပျောက်သွားစေနိုင်သောခံစားချက်မျိုး။
မိုးမြေဟာ သူ့ရဲ့နံရိုးတစ်ချောင်းပိုင်ရှင်လေးဆိုလျှင် အပိုတွေဖြစ်နေမလားမသိ…

"တကယ် ငါ သူ့ကိုအရမ်းချစ်တယ်"

"အေး သိသာပါတယ် မင်းမျက်လုံးကြီးက"

"ပါးစပ်ကနေ ခဏခဏမပြောဘဲ ငါ့အချစ်ကို တသိမ့်သိမ့် တငြိမ့်ငြိမ့်လေးခံစားစေချင်တာကွာ အဲ့လိုဖြစ်ရဲ့လား အခု"

မေးလိုက်မိပြီးမှ ဘာလို့မေးလိုက်မိသလဲဟု သူ့ဘာသာပြန်တွေးရင်း ခဏငြိမ်သွားမိသည်။
ဒါဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့လား၊ သို့မဟုတ် ဘေးလူရဲ့အမြင်တွေကို ဂရုစိုက်တတ်နေပြီလား…

မိုးမြေခစားKde žijí příběhy. Začni objevovat