38

7.5K 293 7
                                    

💌 Part - 38 💌
---------------

အသွားတုန်းကအတိုင်း ကောင်းထက်တို့အိမ်ကိုသာ ပြန်လာခဲ့ကြပြီး ကိုယ့်ကားကိုယူကာ ကိုယ့်အိမ်ကိုပြန်လာခဲ့တော့ ခရီးပမ်းနေသောသူမက အိပ်ပျော်နေပြီဖြစ်သည်။
တိုက်ခန်းကိုရောက်သည်အထိ မနိူးသေး၍ မိုးမြေကိုယ်လေးကိုပွေ့ယူကာ Luggageတွေကို နောက်မှသယ်ဖို့ စိတ်ကူးလိုက်သည်။
သို့သော် ရုတ်တရက်ရောက်လာသောဦးလေးကြောင့် အံ့အားသင့်သွားမိပြီး ကိုကိုတို့ရောက်နေသလားဟု လန့်ဖျပ်သွားမိ၏။

"စိတ်မပူပါနဲ့ လူလေးပြန်ရောက်မယ်ကြားလို့ လာစောင့်နေတာပါ ဥက္ကဌတို့ကခိုင်းလို့မဟုတ်ပါဘူး"

"ကျွန်တော်ပြန်ရောက်မှာကို ဘယ်လိုလုပ်သိတာလဲ"

"မေမီက ပြောလို့ပါ"

မာမီကကြိုသိနေတာလား။
စိတ်ထဲတမျိုးဖြစ်သွားမိချိန် မိုးမြေလှုပ်လာ၍ ငုံ့ကြည့်မိတော့ သူမက မျက်တောင်တွေပုတ်ခတ်ပြီး အိပ်ချင်မူးတူးဖြစ်နေ၏။

သူမကို ပွေ့ချီထားမှန်းသိသွားသည့်အခါ ဆင်းဖို့ပြင်သောကြောင့် ပြန်ချပေးလိုက်တော့ မိုးမြေ၏အကြည့်တွေက ဦးလေးဆီရောက်သွားသည်။
သူမက ဦးလေးကိုအခုမှသိတာမို့ သူ့ကိုပြန်မော့ကြည့်လာသည့်အခါ ဦးလေးကို ဘယ်လိုမိတ်ဆက်ပေးရမလဲဟု အကြံအိုက်သွားမိသည်။

"ငါငယ်ငယ်လေးကတည်းက ထိန်းခဲ့ရတဲ့ဦးလေးလေ သူက.."

"လူလေးတို့မိသားစုရဲ့လူယုံပါ"

သူ့စကားကိုဖြတ်ပြောလိုက်သော ဦးလေးရဲ့စကားကြောင့် ရင်ထဲထုံကျင်သွားမိကာ ဦးလေးမျက်နှာကိုသာ ခပ်စူးစူးကြည့်လိုက်မိသည်။
ဦးလေးကတော့ ပြောနေကျစကားတွေမို့ အလွယ်တကူပြောထွက်သွားသည့်နှယ်၊ ဘာမှမထူးဆန်းသလို အေးတိအေးစက်ရှိလှ၏။
သူကိုယ်တိုင်လည်း ဒီအတိုင်းလက်ခံထားပါလျက် ဘာကြောင့်များ အခုမှရင်ထဲစူးနစ်သွားသလဲမသိ…

"ငါ့အဖေ"

"ဟင်!"

မိုးမြေက နှုတ်ခမ်းလေးဟ,သွားသည်အထိ အံ့အားသင့်သွားပြီး ဦးလေးဆီ အကြည့်တွေပြန်ရောက်သွားချိန် ဦးလေးက ခေါင်းငုံ့သွား၏။
မိုးမြေကိုတော့ သူ ပွင့်လင်းချင်သည်။
သူ့ဘဝရဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေ၊ အားနည်းချက်၊ အားသာချက်တွေကို သူမရှေ့မှာဖွင့်ဟဝန်ခံဖို့ ဘယ်အခါမှနှောင့်နှေးနေမည်မဟုတ်။
သူမသည်သာ ကိုယ်နှင့်အနီးစပ်ဆုံးသော ရင်ဘတ်ချင်းတူတဲ့သူ…

မိုးမြေခစားWhere stories live. Discover now