59

7.2K 404 15
                                    

💌 Part - 59 💌
---------------

"သား"

ဆိပ်ကမ်းပေါ်တက်လာသော သားကြီးကြောင့် သူမ စိတ်လှုပ်ရှားသွားမိကာ ထိုင်ရာမှထရပ်လိုက်မိသည်အထိ။
သားကြီးက မျက်နှာတင်းမာနေသလို အံကြိတ်ထားသောကြောင့် မေးရိုးကလည်းတင်းမာနေဆဲဖြစ်သည်။
သားကြီးနောက်မှာတော့ လူယုံတွေသာရှိပြီး နောက်ထပ်ဘယ်သူမှမပါသောကြောင့် မသိမသာသက်ပြင်းခိုးချလိုက်မိကာ သားကြီးလက်တစ်ဖက်ကိုဆွဲယူလိုက်သည်။

"သားရယ်"

သူမ ငိုချလိုက်မိသည့်အခါ သားကြီးကမျက်နှာပျက်သွားပြီး အံကြိတ်ထားသောမေးရိုးကလည်း ပြေလျော့သွားခဲ့ရင်း အကြည့်တွေကအစ နူးညံ့လာခဲ့သည်။
ထို့နောက်မှာတော့ မျက်ရည်တွေရစ်ဝဲလာရင်း သူမကိုထွေးပွေ့ပြီး သူမပခုံးထက်မှာမျက်နှာအပ်ကာ ကြိတ်ငိုနေ၍ သားကြီးပခုံးကို ဖွဖွလေးပွတ်သပ်ပေးမိသည်။

"မာမီ့အပြစ်တွေပါ သားရယ် မာမီ့ကိုပါအပြစ်တင်ပါ သားညီလေးကိုတော့ ခွင့်လွှတ်ပေးလိုက်ပါနော် သား"

"ကျွန်တော် ဘာလုပ်နေလို့လဲ"

"ဟုတ်ပါပြီ ဘာမှမလုပ်ပါဘူး"

ကြိတ်ငိုနေသော သားကြီးအဖြစ်ကိုကြည့်ရင်း ကိုယ်ချစ်သောတစ်စုံတစ်ယောက်ကို လက်လွှတ်ခဲ့ရသည့်အဖြစ်ဟာ ဘယ်လောက်နာကျင်စရာကောင်းသလဲ သူမ နားလည်သည်။
ဒါကြောင့်ပဲ အိမ်ထောင်ကျ၍ သားကြီးကိုရခဲ့သည့်တိုင်အောင် စိတ်အလိုလိုက်ကာ ကိုအာကာနဲ့ပြန်တွဲရင်း သားငယ်ကိုရခဲ့တာမဟုတ်လား...

"အဲ့ခွေးကောင် အခုထိအချိုးမပြေဘူး မာမီ"

"သားကိုပြန်ထိုးလိုက်လို့လား"

"မထိုးပါဘူး မင်းမသေမချင်း..ငါမသေမချင်း လုံးဝပြန်မလာနဲ့လို့ ပြောခဲ့တာကို ကျွန်တော့်ကိုမချေမငံနဲ့ဘာကျန်သေးလဲ တဲ့"

"သားရယ် သူဆိုးတာသားလည်းသိနေတာပဲ ခစားကိုမာမီလည်းစိတ်ဆိုးမိတယ် ဒါပေမယ့် ခစားက ငယ်ငယ်လေးကတည်းက မင်းအဖေပေးတဲ့စိတ်ဒဏ်ရာတွေရခဲ့တာလေ သူဆိုးနေတာတွေက ဘာကြောင့်လဲလို့မေးရင် သစ္စာဖောက်ခဲ့တဲ့မာမီ့ကြောင့်ပါ
ပြီးတော့ မင်းကငါ့သားမဟုတ်ဘူးဆိုပြီး ပစ်ပစ်ခါခါဆက်ဆံခဲ့တဲ့ သားအဖေကြောင့်"

မိုးမြေခစားWhere stories live. Discover now