58

7.3K 400 24
                                    

💌 Part - 58 💌
---------------

မိုးသားနဲ့စကားပြောပြီးကတည်းက ငြိမ်ကုပ်သွားခဲ့သော သူမသည် အခုနောက်ပိုင်းမှာ ဂျစ်ကန်ကန်တွေပြန်မပြောတော့သလို သိပ်လည်းမငြင်းဆန်တော့ချေ။
ဘယ်လိုနေနေ သူကျေနပ်ပေမယ့် သူပြုစုယုယနေသမျှကို မငြင်းတော့သည့်အဖြစ်ကို ကျေနပ်နေမိပြီး ထုံပေပေလုပ်နေတတ်သော မျက်နှာလေးက အသည်းယားစရာလည်းကောင်းလှသည်။

"Baby ခြေသည်းဆေးဆိုးရအောင်"

"အင်း"

"ဘာအရောင်ကြိုက်လဲ"

လက်သည်းနီပုလင်းတွေကို မိုးမြေရှေ့မှာဖြန့်ပြလိုက်ရင်း သူမကိုယ်လေးကို ကျောဘက်မှာသိုင်းဖက်ကာ လည်တိုင်လေးကိုငုံ့နမ်းလိုက်မိသည်။
တွန့်ခနဲဖြစ်သွားပေမယ့် Babyကမရုန်းတော့ဘဲ မိတ်ကပ်ရောင်ဘူးလေးကို ရွေးထုတ်ကာ သူ့ကိုမော့ကြည့်ပြီး...

"ဒါလေး"

"လက်သည်းရောဆိုးပေးမယ်"

"အင်း"

"လှသွားရင် ငါ့ကိုနမ်းမှာလား"

သူမက နှာခေါင်းလေးရှုံ့ကာ မျက်စောင်းလေးချီသွားသောကြောင့် ခါးလေးကိုတင်းတင်းဖက်ကာ သူမလည်တိုင်လေးကိုငုံ့နမ်းပစ်လိုက်သည်။
ထိုအချိန် မော်တော်သံတစ်ခုကြားလိုက်ရ၍ သူက မိုးမြေကိုဖက်ထားလျှက် ခေါင်းထောင်ကြည့်ကာ...

"ဦးလေးရဲ့လူ လာတာထင်တယ်"

"ဟင်! ဘယ်သူလာတာ"

"ဦးလေးရဲ့လူလေ စားဖို့အခြောက်အခြမ်းတွေလာပို့တာ တစ်ပတ်တစ်ခါလာခဲ့မယ်လို့ပြောထားတာ တစ်ပတ်ပြည့်သွားပြီလား"

ပြောပြောဆိုဆိုဖြင့် သူက မိုးမြေကိုလွှတ်ကာ အခန်းတံခါးဆီလျှောက်သွားတော့ မိုးမြေမေးလေးထောက်ရင်း သူ့အမူအယာတွေကို ခိုးကြည့်နေမိသည်။
မြင့်လွန်းသောအရပ်ကြီးက အပေါ်တံခါးဘောင်အထိရောက်နေကာ ထိုအရပ်နှင့်အညီ ကျစ်လျစ်သောခန္ဓာကိုယ်သည် GYMမှန်မှန်ကစားပုံရသည်။
လူချောတစ်ယောက်ဖြစ်သည့်အလျောက် ဘယ်လိုပဲနေနေ၊ ဘာပဲဝတ်ဝတ် သူ့ရဲ့ချောမွေ့မှုကြီးက ပျောက်ကွယ်မသွားခဲ့...

မိုးမြေခစားWhere stories live. Discover now