36

6.8K 306 9
                                    

💌 Part - 36 💌
---------------

နိုးနိုးလာချင်းခေါင်းတွေကိုက်နေသလို နီးကပ်နေသော ရေမွှေးနံ့နှင့်ရောသော စီးကရက်နံ့ကြောင့် မျက်လုံးတွေဖွင့်ကြည့်လိုက်မိသည်။
ခစားက မိုးမြေအနားမှာထိုင်လျက်ရှိနေကာ အပေါ်ပိုင်းဗလာဖြစ်နေပြီး ခါးအောက်ပိုင်းကို စောင်ခြုံထားသည်။

သူက မျက်လုံးတွေမှိတ်ကာ စီးကရက်ကို အရသာခံပြီးသောက်နေကာ အပေါ်ပိုင်းဗလာဖြစ်နေ၍ အချိုးအဆစ်လှသောသူ့ကို ငေးမိသွားသည်။
ရင်အုပ်ကျယ်ကျယ်ဖြင့် six packsမဟုတ်ပေမယ့် ကျစ်လျစ်သောဝမ်းဗိုက်ကြွက်သားတွေက လက်သည်းနှင့် ဆိတ်ကြည့်ချင်စရာကောင်း၏။
ဖြူသောအသားအရောင်မှာ နီစွေးစွေးကြယ်သီးလေးတွေကပ်ထားသလို ချစ်စဖွယ်ဖြစ်နေသော nippleလေးတွေကို အသည်းတယားယားဖြင့် စိုက်ကြည့်နေမိသည်။

ထိုမှတစ်ဆင့် အပေါ်ကိုမော့ကြည့်မိတော့ စီးကရက်ကိုညှပ်ကိုင်ထားသော သွယ်လျသည့် လက်ချောင်းလှလှတွေ။
ပန်းနုရောင်သမ်းနေသော လက်သည်းခွံတွေနှင့် ထိုထိပ်ဖျားမှ အဖြူရောင်အရစ်လေးဖြစ်နေသော လက်သည်းလေးတွေ...
မင်းခစားဆိုသည့်လူဟာ လူရှုပ်လူပွေတစ်ယောက်ဖြစ်ပါလျက် ဘာကြောင့်မို့ ဒီလောက်ထိကြည့်ကောင်းနေတာလဲ...

"ကြည့်လို့ဝရင်လည်း ပြောဦး"

ရုတ်တရက်ထွက်လာသော သူ့အသံကြောင့် မိုးမြေရှက်သွားမိကာ အိပ်နေရာမှထထိုင်လိုက်တော့ သူက စီးကရက်ကို ပြာခွက်ထဲထိုးချေပစ်၏။
မိုးမြေ စိတ်ရှုပ်မခံချင်၍ စောင်ကိုခွာချပစ်လိုက်သည့်အခါ ညကအဝတ်တွေမဟုတ်မှန်း သတိထားမိလိုက်သည်။
ညက မိုးမြေဝတ်ခဲ့သောအဝတ်တွေအစား ခစားရဲ့ရှပ်အင်္ကျီဖားဖားကြီးက နေရာယူထား၏။

"ခစား"

"အင်း.. ငါလဲပေးထားတာ"

"နင် အဲ့လောက်တောင်စည်းမရှိဘူးလား"

စိတ်တိုတိုနှင့် အော်ငေါက်ပစ်မိတော့ သူကလည်း ထိုင်ရာမှထလာကာ မိုးမြေပခုံးနှစ်ဖက်ကိုဆုပ်ဆွဲပြီး အခန်းအပြင်ဆွဲထုတ်လာ၏။
ဧည့်ခန်းမှာ တစ်ရှူးတွေနှင့် သတင်းစာတွေထည့်ထားသော အိတ်တချို့ကိုတွေ့လိုက်ရကာ ဒါဘာလဲဟု သေချာမသိ။

မိုးမြေခစားTempat cerita menjadi hidup. Temukan sekarang